အခန်း ၁၁ [U+Z]

3.7K 314 28
                                    

မနက်စာပြင်နေသော မြတ်လေးသွယ်၏ခါးကို ခင်ပျိုမူ၏လက်များဖြင့် နွယ်လိုရစ်ကာ မြတ်လေးသွယ်၏ပုခုံးထက် ခေါင်းကိုအသာမှီထားသည်။

မြတ်လေးသွယ်က ခင်ပျိုမူကို တစ်ချက်လှည့်ကြည့်ကာ သူ့အလုပ်သူဆက်လုပ်နေသည်။

" ဒေါက်တာကကော်ဖီကြိုက်တယ်နော် "

" မဟုတ်ပါဘူး လက်ဖက်ရည်ကြိုက်တာ"

" ဟင် အတည်ပြောနေတာလား "

" အတည်ပြောနေတာပေါ့။ဒါမယ့်ကလေးမတစ်ယောက်ကော်ဖီသောက်နေတာမြင်ပြီး ဪ သူလေးကော်ဖီကြိုက်တာပဲဆိုပြီးကော်ဖီပြောင်းသောက်တာ "

" အဲ့ကလေးမဆိုတာ ကျွန်မကိုပြောနေတာလား "

" အွန်းပေါ့။မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ "

မြတ်လေးသွယ်ကပြုံးကာ ခင်ပျိုမူ၏လက်တို့အား သူမခါးမှဖယ်ချလိုက်သည်။သို့သော် ခင်ပျိုမူက အတင်းဖက်ထားလေသည်။

" နေပါဦး ဒီတိုင်းလေးနေပါရစေဦး "

" ဒေါက်တာက ကလေးကျနေတာပဲ "

" ကလေးပဲလေ။မြတ်လေးသွယ်ရဲ့ကလေးလေးလုပ်ချင်တာ "

" အသက်ကဖြင့် "

" ဟေ့ဟေ့ တော်လိုက်ဝောာ့ "

ခင်ပျိုမူက စိတ်ဆိုးဟန်ဆောင်ကာ ဖက်ထားသောလက်တို့အား ပြန်ရုတ်ကာ စားပွဲ၌ဝင်ထိုင်လေသည်။မြတ်လေးသွယ်က ပြုံးစိစိလုပ်နေသည်။

အတော်ကြာသည်အထိ မြတ်လေးသွယ်က မချော့တော့ ခင်ပျိုမူ စိတ်ကောက်သည်မှာအပိုဖြစ်လာသည်။မြတ်လေးသွယ်မှာ ကော်ဖီကိုတစိမ့်စိမ့်သောက်နေသည်။

" မြတ်လေးသွယ် "

" ရှင့် "

" ကြည့်။ တို့စိတ်ကောက်နေတယ်လေကွာ "

" ဪ...စိတ်ကောက်နေတာလား "

" မသိဘူးပေါ့လေ မသိဘူးပေါ့လေ။ရတယ်ရတယ် "

ခင်ပျိုမူကထမင်းစားပွဲမှထထွက်သွားရန်ပြင်သည်မို့ မြတ်လေးသွယ်က လက်ကိုလှမ်းဆွဲလိုက်သည်။ခင်ပျိုမူက မြတ်လေးသွယ်ပေါင်ပေါ်သို့ ထိုင်လျှက်သားဖြစ်သွားလေသည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now