အခန်း ၁၅ [U+Z]

3.9K 343 18
                                    

  နွေဥတု၏နေမထွက်သေးသော အလင်းရောင်ပြပြအောက်၌ ကားတစ်စီးရပ်ထားသည်။ဒေါက်တာခင်ပျိုမူက သူမ၏ကားဆီသို့ရှေးရှုကာ ဖြေးဖြေးချင်းလာသည်။ကားဆီသို့ရောက်သည်နှင့် ကားတံခါးကိုဆွဲဖွင့်လိုက်သည်။ထိုအချိန် ခေါင်းထဲမူးဝေကာ မိုက်ခနဲဖြစ်ပြီး လူကယိုင်သွားသည်။သို့သော် ယိုင်လဲသွားဟန်ဖြစ်သွားသော ခန္ဓာကိုယ်အား လက်တစ်စုံက ထိန်းလိုက်သည်။

" ဒေါက်တာကြီး အဆင်ပြေရဲ့လား "

နားထင်ကိုလက်မဖြင့်အသာဖိကာ မျက်လုံးကို ခေတ္တမှိတ်ပြီး ဝေဒနာသက်သာအောင်နေလိုက်သည်။ပြီးမှ မျက်လုံးဖွင့်ကာ မြတ်လေးသွယ်အားကြည့်လိုက်သည်။

" ကျေးဇူးပါပဲ "

" ရပါတယ်။ကားမောင်းလို့မဖြစ်ဘူးထင်တယ် "

မြတ်လေးသွယ်က ကားကိုမောင်းကာ ခင်ပျိုမူ၏အိမ်သို့လိုက်ပို့သည်။

" အိမ်ကိုဘယ်လိုသိနေတာလဲ "

မြတ်လေးသွယ်ကမဖြေ။မြတ်လေးသွယ်ကို ငြင်းပြီးသည့်နောက် မြတ်လေးသွယ်၏အမူအရာမှာ ဆေးရုံမှာအလုပ်လာလျှောက်သည့်အချိန်ကပုံစံအတိုင်းဖြစ်နေသည်။အရင်လို စိတ်ဖိစီးစရာတစ်ခုခုရှိနေသည့် မကြည်မလင်မျက်နှာမျိုးမဟုတ်ပဲ၊ ပကတိတည်ငြိမ်သောအသွင်ဆောင်နေသည်။

" ညဂျူတီကျတာလား ဒေါက်တာကြီး "

ဒေါက်တာခင်ပျိုမူ ခေါင်းငြိမ့်ပြသည်ကို မြတ်လေးသွယ်မျက်ထောင့်မှ လှမ်းမြင်လိုက်သည်။မြတ်လေးသွယ်သိသိရက်နှင့်မေးခြင်းဖြစ်သည်။ဒေါက်တာခင်ပျိုမူ ညဂျူတီရှိမှန်းသိ၍ သူလည်းတစ်ညလုံးဆေးရုံမှာရှိသည်။ဒေါက်တာခင်ပျိူမူအနေခက်မည်စိုး၍သာ ရုံးခန်းထဲမှာမနေခြင်းဖြစ်သည်။

ဒီလိုဆိုတော့ သူတို့ချစ်ခင်တုန်းကအချိန်ကိုသတိရမိသည်။ဒီတုန်းကတော့ ဒေါက်တာခင်ပျိူမူက မြတ်လေးသွယ်အားစောင့်ပေးသည်ပေါ့။ယခုတော့ ဒေါက်တာခင်ပျိုမူကသားကောင် မိမိကမုဆိုး ဖြစ်နေသည်။

" ညကအိမ်မပြန်ဘူးလား "

မြတ်လေးသွယ်က အံ့ဩသောမျက်နှာထားဖြင့် ဒေါက်တာခင်ပျိုမူအား ဆက်ခနဲလှည့်ကြည့်လိုက်သည်။ဒေါက်တာခင်ပျိူမူကပြုံးသည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now