အခန်း ၇ [U+Z]

3.7K 321 17
                                    

ကောင်းကင်ပြာပြာအောက်မှာ တိမ်တွေကတရွေ့‌ရွေ့ ခရီးနှင်နေကြသည်။ကမ္ဘာကြီးရဲ့ ပျော်ရွှင်စရာ၊ဝမ်းနည်းစရာတွေကို သူဘာမှမသိ မခံစားနိုင်။

ဒေါက်တာခင်ပျို သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။ဆေးလိပ်သောက်ရန်ကြံသော်လည်း မြတ်လေးသွယ်အနေရခက်မည်စိုး၍ မသောက်ဖြစ်ပြန်တော့။ကားစတီယာတိုင်ပေါ်လက်တင်ကာ စိတ်ကို တွေးချင်ရာတွေး လေချင်ရာလေနေနိုင်အောင်လွှတ်ထားလိုက်သည်။

နှစ်ထပ်တိုက်သေးသေးလေးထဲကထွက်လာသော မြတ်လေးသွယ်ကိုမြင်သည်မို့ကားပေါ်မှအပြေးဆင်းကာ ကြိုလိုက်သည်။

မြတ်လေးသွယ်က ဒေါက်တာခင်ပျို‌ကိုမရှိသောလူတစ်ယောက်လို သဘောထားကာ ကားပေါ်တက်လိုက်သည်။

“ မြတ်လေးသွယ် လူကြီးတစ်ယောက်ကိုမင်းဘယ်လိုဆက်ဆံနေတာလဲ ”

ဒေါက်တာမြတ်လေးသွယ်ကမကြားဟန်ဆောင်နေသည်။ဒေါက်တာခင်ပျို ဒေါသလျှော့ကာ အသံကိုပြင်လိုက်သည်။

“ အမေနဲ့အဖေကို ပြောခဲ့ပြီးပြီလား ”

“ ကိုယ့်ဘာသာသွားပြောပါလား။ကျွန်မကတော့ရှက်တယ် ”

ကားကိုအမြန်မောင်းထွက်ခဲ့သည်။ဒေါက်တာခင်ပျိုကိုယ်တိုင်လည်း မြတ်လေးသွယ်မိဘတွေရှေ့ မျက်နှာ
ပူသည်မို့ သတ္တိမွေးရဦးမည်။

တရားရုံးရောက်တော့ ကေသီနဲ့ဟေသာပါရောက်၍နေပြီ။မြတ်လေးသွယ်ဘက်က အသိသက်သေပါမလာခဲ့။ဟေမာန့်ကိုသာ မြတ်လေးသွယ်ဘက်ကအသိသက်သေအဖြစ်လက်မှတ်ထိုးခဲ့ကြသည်။

လက်မှတ်ထိုးပြီးနောက် ဆေးရုံသို့ဟန်မပျက်သွားခဲ့ကြသည်။

“ မြတ်လေးသွယ် တို့ မင်းကိုထိခိုက်စေလိုစိတ်မရှိတာတော့ ယုံပေးပါ ”

မြတ်လေးသွယ်က ဂရုမစိုက်သည့်အလား ဆေးရုံထဲသို့ ဝင်သွားလေသည်။
တစ်ကယ်တော့ ဒေါက်တာခင်ပျိုကဒေါက်တာမြတ်လေးသွယ်ကို ပိုင်ဆိုင်သွားတာမဟုတ်ပဲ ဒေါက်တာမြတ်လေးသွယ်ကသာ ဒေါက်တာခင်ပျို့ကိုပိုင်ဆိုင်သူဖြစ်ခဲ့လေသည်။

စိတ်အာရုံတို့ထွေနေသည်။တစ်နေရာရာမှာ ငိုင်လျှက် အချိန်ကုန်ပစ်ချင်သည်။ထူးထူးခြားခြား အလုပ်အားနေသော်လည်း သူမပျော်။အမြဲအလုပ်ရှုပ်လို့ အားလပ်ချိန်လိုချင်‌ခဲ့သော်လည်း အခုတော့သူအလုပ်လုပ်ချင်သည်။မဟုတ်လျှင် ဟိုအကြောင်းဒီအကြောင်း၊အထူးသဖြင့် မြတ်လေးသွယ်အကြောင်းတွေးနေမိမှာစိုးသည်။ကြည်လင်နေသော မှန်သမျှတဆင့် အပြင်ဘက်က သစ်ပင်အုပ်ဆိုင်းဆိုင်းကို လက်ပိုက်ကာ ရပ်ကြည့်နေသည်။ထိုစဉ် လက်ကကိုက်လာသည်။
ဟေမာန့်ကိုတစ်ချက်လှမ်းကြည့်ပြီး အကိုက်အခဲပျောက်ဆေးသောက်ရန်ကြံရသည်။ဟေမာန်သိလျှင် စိတ်ကောင်းမည်မဟုတ်။တစ်ခြားသူများသိလျှင်လည်း သူ့ကိုယုံကြည်ကြတော့မည်မဟုတ်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now