အခန်း ၅ [U+Z]

3.8K 318 4
                                    


လူနာဇယားတွေတစ်ခုပြီးတစ်ခုကို သေချာ‌စစ်ဆေးရင်း အပြင်ဘက်က ဆူညံသံတွေကြောင့် ဒေါက်တာ ခင်ပျိုမူ အခန်းပြင်သို့ထွက်လာခဲ့သည်။

“ ဟေမာန် ဘာတွေဖြစ်နေတာလဲ ”

“ ဒေါက်တာမြတ်လေးသွယ် ပြဿနာဖြစ်နေတာထင်တယ် ”

ကြားသည်နှင့်တစ်ပြိုင်နက် ပြဿနာအရင်းအမြစ်ရှိရာဆီသို့ ပြေးထွက်လာခဲ့သည်။လူက အတော်အုံနေသည်။ပြဿနာကို ကူညီဖြေရှင်းကြမယ် မတွေးပဲရပ်ကြည့်နေသော ဆရာဝန်များကို တမင်ပင် ပခုံးနဲ့ဝင်တိုက်ကာ လူကြားထဲတိုးဝှေ့လိုက်သည်။

“ ဒါကဘာဖြစ်နေကြတာလဲ ”

အသံကို ဟောလ်တစ်ခုလုံးကြားအောင် အော်ဟစ်လိုက်တော့ အကုန်တိတ်ဆိတ်သွားသည်။

“ ဒါဘာဖြစ်နေတာလဲ။ လူတွေအုံနေကြတာ မင်းတို့မရှက်ကြဘူးလား ”

စောနားဟု‌ခေါ်သော ကရင်သူနာပြုဆရာမနဲ့ ဒေါက်တာမြတ်လေးသွယ်က ဒေါ်ခင်ပျိုရှေ့ လာရပ်သည်။

“ ဘာတွေဖြစ်နေတာလဲ ”

“ ဒေါက်တာကြီး။ကျွန်မ လူနာကို ဆေးတိုက်နေတာ ဒါကို ဒီကဒေါက်တာမြတ်လေးသွယ်က မတိုက်ရဘူးဆိုပြီးတားလို့ ပြန်ပြောမိတာပါ ”

ဒေါက်တာခင်ပျိုက မြတ်လေးသွယ်ဘက်လှည့်ကာ ဘယ်လိုလဲဟုပုံစံဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

“ သူနာပြုဆရာမပေးနေတဲ့ဆေးနှစ်ခုကမတည့်ဘူးဒေါက်တာ။ဒါကြောင့် ကျွန်မ တားလိုက်တာပါ ”

“ ပြ အဲ့ဆေး ”

သူနာပြုဆရာမက တုန်တုန်ရီရီဖြင့် သူ့လက်ထဲက ဆေးကို ပြသည်။claritinနဲ့ clarinex။

“ မင်းလည်း သူနာပြုတစ်ယောက်ပဲ။ဒီဆေးနှစ်ခုဟာ တည့်မတည့် မင်းမသိဘူးလား တစ်ကယ်လို့မင်းမသိပါဘူးလို့ပြောရင် မင်းကိုရော မင်းကိုခန့်တဲ့သူနာပြုချုပ်ပါ အလုပ်ကထုတ်ပစ်မယ် ”

သူနာပြုဆရာမစောနားက အထိတ်
တလန့်ဖြင့် ငိုယိုလေသည်။

“ မတည့်မှန်းကျွန်မသိပါတယ်။ ဒေါက်တာတင်ဦးကိုလည်း ကျွန်မပြောပါတယ်။ သူက တိုက်ဆိုတိုက်လိုက် မဟုတ်ရင် ကျွန်မကို အလုပ်ထုတ်ခံရမယ်ဆိုလို့ မလွန်ဆန်ရဲလို့ပါ ”

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now