အခန်း ၁၇ THE END [U+Z]

Start from the beginning
                                    

ထိုနေ့ကခင်ပျိုမူ၏ အကြောင်းတရားတို့အဆုံးသတ်သောရက်ကို ရောက်ခဲ့မည်ဟုမထင်ခဲ့။ပုံမှန်ဖြတ်သန်းနေကြအတိုင်းဖြတ်သန်းခဲ့သည်။မြတ်လေးသွယ်နှင့်အတူတကွပျော်ရွှင်မြဲ။မြတ်လေးသွယ်ကလည်း သူ့ကိုချစ်မြဲ။

သို့သော် မဖိတ်ခေါ်ပဲလာသော လူတစ်ယောက်ကြောင့် ခင်ပျိုမူ၏အသိုက်အမြုံပျက်စီးရလိမ့်မည်ဟုမထင်ခဲ့။အထူးသဖြင့် တစ်ခါမှမသိခဲ့ဖူးသော ထိုလူတစ်ယောက်ကြောင့်။

ခင်ပျိုမူက ထုံးစံအတိုင်းပင် ရုံးခန်းတွင်နေကာ ဖိုင်များကိုစစ်ဆေးနေသည်။မြတ်လေးသွယ်က လူနာစစ်သွားနေသည့်အချိန်။လူတစ်ယောက်က ရုံးခန်းတံခါးကိုလာခေါ်သည်။ခင်ပျိုမူက လျှင်မြန်စွာပင်
တံခါးထဖွင့်ပေးလိုက်သည်။

" ဒေါက်တာမြတ်လေးသွယ်ရုံးခန်းဟုတ်ပါသလား "

ခင်ပျိုမူက ထိုလူကိုကြောင်‌ကြည့်နေမိသည်။ရဲယူနီဖောင်းကိုသပ်ရပ်စွာဝတ်ထားသော ရဲတစ်ယောက်ဟာ မြတ်လေးသွယ်ကိုဘာအကြောင်းကြောင့် ရှာနေသလဲ ခင်ပျိုမူ မတွေးတတ်။

" ဒေါက်တာမြတ်လေးသွယ် လူနာသွားစစ်နေပါတယ်။ဘာကိစ္စများရှိလို့ပါလဲ "

ထိုရဲကအကြောင်းရင်းကိုမပြော။မြတ်လေးသွယ်ထံသို့သာ လိုက်ပို့ပေးရန်ပြောသည်မို့ ခင်ပျိုမူက ဦးဆောင်ခေါ်လာခဲ့သည်။

" ဒေါက်တာကြီး "

" ဪ...ဒေါက်တာမြတ်လေးသွယ် "

ဒေါက်တာခင်ပျိူမူနောက်ပါးမှ ရဲအားမြင်သည်နှင့် မြတ်လေးသွယ်မျက်နှာထက်အပြုံးတို့ပျောက်သွားသည်မှတပါး ထူးထူးခြားခြားမရှိခဲ့။

ထိုရဲက ခင်ပျိုမူနောက်မှ ရှေ့သို့တက်လာကာ မြတ်လေးသွယ်ရှေ့ရပ်လိုက်သည်။ပြီးနောက် မြတ်လေးသွယ်၏ ခွဲစိတ်ဓားကိုင်သော လက်တစ်စုံအား လက်ထိပ်ခတ်လိုက်သည်။

" ဒေါက်တာမြတ်လေးသွယ်ကို ဒေါက်တာတင်ဦးနဲ့ဒေါက်တာထိန်လင်းကို သတ်မှုနဲ့ဖမ်းလိုက်ပါပြီ "

ခင်ပျိုမူမှာ မိမိကြားလိုက်သော စကားကိုမယုံနိုင်။မြတ်လေးသွယ်ကတော့ တည်ငြိမ်စွာပင်ပြုံးလိုက်သည်။ထိုရဲ၏ တပည့်များက အနားသို့ရောက်လာကာ မြတ်လေးသွယ်အား ဝန်းရံလိုက်သည်။ခုဏတုန်းက ဒီရဲတွေကို ဘာလို့မမြင်ရတာလဲ။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now