အခန်း ၁၇ THE END [U+Z]

Zacznij od początku
                                    

" ဗိုက်ဆာလာသလားလို့လေ "

" မင်းပဲချက်ရမှာနော် "

မြတ်လေးသွယ်ကပြုံးကာ ခေါင်းငြိမ့်သည်။

မြတ်လေးသွယ်ချက်သောကြောင့်ပဲလား၊ ဒါမှမဟုတ် ခင်ပျိုမူကိုယ်တိုင်က ကြိုက်၍ပဲလားမသိ။ထမင်းကောင်း
ကောင်းစားဖြစ်သည်။

အသက်အရွယ်ရလာလေ အစား
အသောက်ကိုပိုဂရုစိုက်ရလေပဲဟု မြတ်လေးသွယ်က ခဏခဏပြောတတ်သည်။

ပြီးနောက် ကျန်းမာရေးဂရုစိုက်ဖို့ကို ခဏခဏမှာတတ်သည်။ မင်းဂရုစိုက်ပေးလေလို့ပြောသည့်အခါ မှိုင်းလာသောမျက်လုံးများဖြင့်သာ ပြန်ပြုံးပြတတ်သည်။

မြတ်လေးသွယ်၏ပခုံးပေါ် ဖွဖွလေးမှီကာ မျက်နှာကြတ်ကို အကြောင်းမဲ့စွာငေးကြည့်နေသည်။မြတ်လေးသွယ်က ခင်ပျိုမူ၏ လက်ဖမိုးအား ဖွဖွလေးပွတ်‌နေသည်။

လမ်းမထက်၌ ဖြတ်သွားဖြတ်လာအသံတို့ရှိဆဲ။

" ဒေါက်တာကြီး "

ခင်ပျိူမူက မြတ်လေးသွယ်ဘက်လှည့်ကြည့်သည့်အခါ မြတ်လေးသွယ်က ပြုံးပြီးခင်ပျိုမူအားပွေ့ဖက်သည်။ပြီးနောက်ခင်ပျိုမူ၏နှုတ်ခမ်းအား ဖိကပ်နမ်းလိုက်သည်။

" မင်းကလူလည်ကြီး "

ရှက်ပြုံးဖြင့် ရယ်သွေးကာပြောလိုက်သည်။မြတ်လေးသွယ်ကဘာမှပြန်မပြော ပြုံး၍သာကြည့်နေသည်။

" ဒေါက်တာကြီးပြောခဲ့ဖူးသေးတယ် မှတ်မိလား သုံးခါဆုံရင်ဖူးစာဆိုတာလေ။တစ်ကယ်တော့ ကျွန်မက တမင် မဆုံဆုံအောင် လိုက်ကပ်နေတာလေ။ဒေါက်တာကြီးမသိဘူးမလား "

" မသိပါဘူး။တို့ကမင်းနဲ့ဖူးစားထင်သွားတာ ဒီလိုဆိုတို့ဖူးစာမဟုတ်သေးဘူးထင်ပါတယ် "

" ဖူးစာဖြစ်အောင် တမင်လိုက်ကပ်ပါတယ်ဆိုမှ "

နှစ်ယောက်လုံးက ပြိုင်တူရယ်မောလိုက်ကြသည်။ပတ်ဝန်းကျင်က အချစ်ကြောင့်လှပနေသည်။မြတ်လေးသွယ်ကချစ်တယ်ဟုပြောသည့်အခါ ခံယူနေကြအတိုင်း အပြုံးတို့ဖြင့် ခံယူခဲ့သည်။

နောက်ဆုံးမှာတော့ လေပြေဟာရောက်လို့လာခဲ့ပါပြီဟုထင်ခဲ့မိသည်။ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ၊ဟန်ဆောင်ခြင်းတွေ မရှိတော့ပဲ ပျော်ရွှင်အပြည့်နဲ့ လမ်းဆုံးသော ခရီးကိုအတူလျှောက်လှမ်းရပြီးဟုထင်ခဲ့သော်လည်း ခင်ပျိုမူထင်ခဲ့သောလေပြေသည် လေပြေမဟုတ်ပဲ လေမုန်တိုင်းမတိုက်ခင် လာသော လေနုအေးသာဖြစ်နေခဲ့သည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Opowieści tętniące życiem. Odkryj je teraz