အခန်း ၁၆ [U+Z]

Start from the beginning
                                    

မြတ်လေးသွယ်အသံက ဒေါသကြောင့် ကျယ်လောင်လာသည်။ဟေမာန်တို့သုံးယောက်က ထမင်းစားခန်းအပေါက်ဝကနေ သူတို့နှစ်ယောက်ကိုကြည့်ကာ မျက်ရည်ဝဲနေကြသည်။

" ကျွန်မက ဒေါက်တာကြီးကိုအရင်စချစ်ခဲ့ရသူပါ။ အဲ့ချိန်ထဲက ဒေါက်တာကြီးအကြောင်းတွေကို အမြဲစုံစမ်းနေခဲ့တာ ဘယ်သူမှမသိတဲ့ အဲ့ဒီအကြောင်းတွေ၊ နောက်ဆုံး ထိန်လင်းဆိုတဲ့လူနဲ့ရတဲ့ကိုယ်ဝန်ကိုဖျက်ချခဲ့တာတွေ ကျွန်မအကုန်သိတယ်။ ဒါတွေကို ကျွန်မသိနေပါတယ်လို့ ဘယ်လိုပြောရမှာလဲဆိုတာကိုဒေါက်တာကြီးပဲ ပြောပြကြည့်စမ်းပါ "

မြတ်လေးသွယ်အသံက ပို၍ကျယ်လောင်နေသည်။ အံကိုတင်းတင်းကြိတ်ကာ မျက်ရည်များကြားက ယူကြုံးမရသောအသံဖြင့် ပြောနေသည်။

" ဒါမယ့် ဒါတွေက ကျွန်မအတွက်အရေးမကြီးဘူး အရေးကြီးတာက ‌တင်ဦးကပါအဲ့အကြောင်းတွေအကုန်သိထားပြီး ဒေါက်တာကြီးကို ဆွဲချချင်တာပဲ။အဲ့အချိန်မှာ ကျွန်မသိတာက ဒေါက်တာကြီးရဲ့ အဲ့ဒီအကြောင်း‌တွေဘယ်သူ့ကိုမှမသိစေရဘူးဆိုတာပဲ။ဒေါက်တာကြီးဟာ လူတကာလေးစားရတဲ့နှလုံးခွဲစိတ်ဆရာဝန်မကြီးအဖြစ်နဲ့ပဲရှိရမယ်၊ အမြဲသိက္ခာရှိတဲ့လူပဲဖြစ်ရမယ် ဒေါက်တာကြီးကို တတ်နိုင်သမျှကာကွယ်ပေးရမယ်ဆိုတဲ့အသိပဲ ကျွန်မခေါင်းထဲမှာရှိတယ်။ အဲ့တာကြောင့် တင်ဦးဆိုတဲ့ကောင်ပြုသမျှကျွန်မခေါင်းခံခဲ့တာ။ ဒေါက်တာကြီးပြောတယ်မလား တင်ဦးရိုက်နှက်ခဲ့သမျှ ဘာလို့ ငြိမ်ခံရတာလဲလို့ မေးခဲ့ဖူးတယ်မလား ဒေါက်တာကြီးကြောင့်ငြိမ်ခံခဲ့တာ၊ ဒေါက်တာကြီးကြောင့်ပဲ သိရဲ့လား "

မြတ်လေးသွယ်အသံက တစ်အိမ်လုံးကိုပဲ့တင်ထပ်နေသည်။ ခင်ပျိုမူ၏ငိုရှိုက်သံတို့က စိုးမိုးထားသည်။

မြတ်လေးသွယ်ကပင် ဆက်ပြောသည်။

" တင်ဦးဆိုတဲ့ကောင်က ဘယ်သူ့သားလဲ ဆိုတာရောသိရဲ့လား။ ဒေါက်တာ့ကိုအယုံသွင်းပြီး ထိန်လင်းကိုကူညီခဲ့တဲ့ ဦးချစ်မင်းဆိုတဲ့လူရဲ့သား။ အဲ့တာကိုလဲ မသိဘူးမလား။ "

မြတ်လေးသွယ်အပြောကို ဟေမာန်တို့ကပါ ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြသည်။ သူတို့ပင် ဒီအကြောင်းကိုမသိခဲ့။ ခင်ပျိုမူက မြတ်လေးသွယ်ကိုမော့ကြည့်သည်။ မျက်ရည်များကြောင့် ဝေဝေဝါးဝါးသာ။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now