အခန်း ၁၆ [U+Z]

Bắt đầu từ đầu
                                    

ပြီးနောက် နွားနို့ကိုကြည့်လိုက်၊ခင်ပျိုမူ့ကိုကြည့်လိုက်လုပ်ကာ လက်နှစ်ဖက်ကိုပွတ်သပ်နေသည်။

" သောက်ချင်သောက်လေ "

မြတ်လေးသွယ်အတွက် တကူးတက ဖျော်ထားသည်မှန်သော်လည်း သူ့အတွက်ရယ်လို့မပြောရဲပေ။

" ပြောစရာရှိလို့ဆို "

ခင်ပျိုမူက မြတ်လေးသွယ်အား စိုက်ကြည့်နေသည်။ပြီးနောက် ဖျော့တော့သော မျက်လုံးများက မှိုင်းသွားသည်။

" ဘယ်အရာက တို့ကိုပျော်ရွှင်စေလဲသိလား။ မင်းကိုယ်တိုင် အရာအားလုံးကိုဖွင့်ပြောပြခြင်းပဲ။ ဒါမယ့် ခုတော့တစ်ခြားလူဆီက ကြားခဲ့ရတယ် "

မြတ်လေးသွယ်က ခင်ပျိုမူ့ကို တစ်ချက်မော့ကြည့်ကာ ခေါင်းပြန်ငုံ့သွားသည်။

" တစ်ကယ်တော့ ကိုယ့်ကိုကိုယ်နစ်နာသူလို့ထင်ခဲ့တာ၊ မင်းကိုမမုန်းရင်
တောင် ငါ့အပေါ်လုပ်ရက်လေခြင်းလို့ခံပြင်းခဲ့တာ "

မြတ်လေးသွယ်က ခေါင်းကိုငုံ့ထားဆဲ။ခင်ပျိူမူက မြတ်လေးသွယ်အား မျက်တောင်မခတ်တမ်းကြည့်ကာ စိတ်ထဲရှိရာပြောနေသည်။

" ဘာလို့မပြောပြခဲ့တာလဲ "

" ဘာကိုလဲဒေါက်တာကြီး "

" မင်း ဒေါက်တာတင်ဦးနဲ့ဒေါက်တာထိန်လင်းဆီမှာ အနှိပ်စက်‌ခံနေရတာ "

" ဒါ ကျွန်မကိုယ်ရေးကိုယ်တာမို့ပါ "

" ဘာလို့လိမ်ချင်နေရတာလဲ။ငါအကုန်သိပြီးပြီ မင်းငါ့ကြောင့်..."

ခင်ပျိုမူက ဆက်မပြောနိုင်အောင် အသံတိမ်ဝင်သွားသည်။ပြီးနောက် မျက်ရည်များက အဆက်မပြတ်စီးကျလာသည်။

" မင်းဘာလို့မပြောခဲ့တာလဲ။ မင်းပါးစပ်ကမပြောပဲ ဘာလို့သူများပြောမှသိရတာလဲ။ ဘာလို့ ငါ့က်ို အကုန်လုံးက ဖုံးကွယ်ထားကြတာလဲ "

မြတ်လေးသွယ်မျက်လုံးတို့ အရောင်တောက်လာသည်။ ခေါင်းကိုမော့ကာ ခင်ပျိုမူ၏ မျက်ဝန်းအား စိုက်ကြည့်လိုက်သည်။

" ကျွန်မပါးစပ်ကနေ ပြောရမယ်ဟုတ်လား။ ဒေါက်တာကြီး အဲ့လူယုတ်မာတွေရဲ့ သားကောင်ဖြစ်ခဲ့ရတာလားလို့ ဘယ်လိုစိတ်မျိုးထားပြီး ဘယ်အခြေအနေမှာ ကျွန်မထုတ်ပြောနိုင်မှာလဲ။ ဒေါက်တာကြီးပြောစမ်းပါ "

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Nơi câu chuyện tồn tại. Hãy khám phá bây giờ