အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။

Start from the beginning
                                    

ထို့ကြောင့် သူသည် ပြန်လှည့်လိုက်ပြီး ကုဖေးတိအား သူ့အိပ်ခန်းထဲကို တိုက်ရိုက်ခေါ်သွားလိုက်လေ၏။

_မည်သို့ပင်ဆိုစေ သူ့အိပ်ယာက နှစ်ယောက်အိပ်ဖို့ လုံလောက်ပေသည်။

ကုဖေးတိသည် အလွန်အမင်းမူးနေခဲ့သည်။ စုယန်သည် သူ့မျက်နှာကို သန့်စင်ပေးသည်၊ ဆံပင်များကို ဖြည်ပေးပြီး သူ့အဝတ်တွေကိုတောင် ဖယ်ရှားပေး၏။ သို့သော် သူ မည်သည်ကိုမှ မသိနိုင်သေးပေ။

စုယန် ကူကယ်ရာမဲ့စွာဖြင့် ကိုယ်ကိုသန့်စင်ဆေးကြော ပြီးနောက် ကုဖေးတိကို တစ်ဖက်သို့ တွန်းထုတ်ကာ အိပ်ယာဝင်လိုက်တော့သည်။

သေရည်၏ သက်ရောက်မှုကြောင့် စုယန်လည်း လျှင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။ သူ၏အသက်ရှူသံ များသည် တဖြည်းဖြည်း နှေးကွေးကာ ပေါ့ပါးသွားလေ၏။

ကုဖေးတိသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ပြီး လှည့်ကြည့်လိုက်သည်။ အိပ်ခန်းအပြင်ဘက်ရှိ မှိန်ဖျော့သော ဖယောင်းတိုင်မီး၏ အကူအညီဖြင့် စုယန်၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို မြင်နိုင်၏။

အချိန်အတန်ကြာပြီးနောက် ကုဖေးတိသည် စောင်အောက်မှ သူ့လက်ကိုထုတ်ကာ စုယန်၏ နားရွက်ကို တိတ်တဆိတ် ထိတွေ့လိုက်သည်။ သူ၏အေးစက်သောလက်ချောင်းများသည် စုယန်၏ ပါးပြင်နှင့် လည်တိုင်တလျှောက် လျှောဆင်းသွားပြီး သူ၏ပခုံးနှင့် လက်ကို ဖြည်းညှင်းစွာ ဖြတ်သန်းကာ နောက်ဆုံးတွင် သူ၏နွေးထွေးသော လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။

ကုဖေးတိသည် စုယန်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။ ဤမှောင်မိုက်သော အခန်းထဲတွင် သူ၏ကြည်နူးသောအပြုံးကို ဖုံးကွယ်ထားရန် မလိုအပ်ပါချေ။

ပင်လုံးကြိုင်သေရည်သည် ချိုမြသော်လည်း မမူးဝေစေပါ။

ယစ်မူးသောခံစားချက်ကို ဖြစ်ပေါ်စေရန် သေရည်သည် တစ်ခုတည်းသော လိုအပ်ချက်မဟုတ်ပါချေ။

ဤညသည် အိမ်မက်မဲ့သော ညပင်။

နံနက်စောစောတွင် စုယန်သည် လှပပြီး ကျက်သရေ ရှိ‌သော ငှက်ကလေးများ၏ တေးသီကျုးသံဖြင့် နိုးထလာခဲ့သည်။ နေထွက်လာသည်နှင့်အမျှ မိစ္ဆာဂိုဏ်း၏ ဌာနချုပ်အနီးရှိ အပူချိန်သည် တဖြည်းဖြည်း တိုးလာသည်။ နှင်းငွေ့ရည်များနှင့် ပန်းပွင့်များ၏ရနံ့များသည် လေထုကို ပို၍ လန်းဆန်းစေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now