အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။

Depuis le début
                                    

ရှေးခေတ်က ပြေပြစ်သော အစားအစာချက်ပြုတ်ခြင်း နည်းလမ်းများရှိသော်လည်း ခေတ်သစ်လူ့အဖွဲ့အစည်း၌ ဆန်းသစ်သော အစားအစာများကို စားသုံးလာခဲ့ရသော စုယန်သည် သဘာဝအတိုင်း အသိပညာ ပိုကြွယ်ပေသည်။ ထို့ကြောင့် သူတို့ ထိုအကြောင်းအရာကို စကားစပ်မိသည်နှင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့သည်။

ကုဖေးတိသည် စုယန်၏ ထူးထူးခြားခြား ထက်မြက်သော အသွင်အပြင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။ သူသည် သေရည်ခွက်ကို ကောက်ယူလိုက်ပြီး ပင်လုံးကြိုင် မွှေးရနံ့ရှိသော သေရည်ကို သောက်သုံးလိုက်သည်။

သေရည်သည် အနည်းငယ်ချိုမြပြီး သိပ်မပြင်းလှသော်လည်း ကုဖေးတိ၏ မျက်လုံးများသည် တဖြည်းဖြည်းမှုန်ဝါးလာ၏။ သိပ်မကြာခင်မှာပင် သူသည် ပါးနှစ်ဖက်ကို လက်ဖြင့် အုပ်လိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

စုယန် "......."

ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ကျောက်စိမ်းအိမ်တော် မှာတုန်းက ကုဖေးတိက ရွှီယွင်ကျန်းနဲ့အတူ သောက်ခဲ့ဖူးတယ် မဟုတ်လား။ သူ့ရဲ့သောက်နိုင်စွမ်းက ဘာလို့ ဒီလောက်တောင်ချို့တဲ့ရတာလဲ?

ကုဖေးတိသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့သွားသည်။ သူ့ရှေ့ရှိ ပန်းကန်များပေါ်သို့ မျက်နှာချင်းဆိုင် မှောက်ကျခါနီး၌ စုယန်သည် သူ့ကို အမြန် လှမ်းထိန်းလိုက်ရလေသည်။

သေရည်မူးပြီး အိပ်ပျော်သွားသော ကုဖေးတိကို မြင်သောအခါ စုယန် သက်ပြင်းချလိုက်ပြီး စားပွဲကိုရှင်းရန် ကြာခန်းမဆောင်မှ အစေခံများကို ခေါ်လိုက်သည်။

သူသည် လက်တစ်ဖက်ကို ကုဖေးတိ၏ ဒူးအောက်တွင် ထားပြီး ကျန်တစ်ဖက်ကို နောက်ကျော၌ထားကာ ပွေ့မလိုက်၏။ ကုဖေးတိအား ဘေးခန်းကို ပြန်ပို့ခါနီးတွင် သူ့ခြေရင်းရှိ မီးသွေးမီးဖိုက ရုတ်တရက် အသံမြည်လာသည်။

မီးတောက်များ တောက်လောင်နေသည်ကို မြင်လိုက်ရသော စုယန်သည် ကုဖေးတိ၏အခန်း၌ အပူမပေးထားသည်ကို သတိရသွားသည်။ ယခု ညနက်နေပြီဖြစ်၍ တစ်ခန်းလုံး အေးခဲနေပေလိမ့်မည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Où les histoires vivent. Découvrez maintenant