အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။

Start from the beginning
                                    

သူစကားတစ်ခွန်းပြောတိုင်း ကုဖေးတိ၏ နှုတ်ခမ်း ထောင့်မှအပြုံးက အနည်းငယ် မှိန်ဖျော့သွားပြီး သူ့မျက်လုံးထဲက တောက်ပမှုတွေလည်း မှေးမှိန်သွားသည်... စုယန် စကားဆုံးသည်နှင့် ကုဖေးတိသည် သူ့မျက်လုံးထဲရှိ အကြည့်များကို ဖုံးကွယ်ရန် ခေါင်းကိုငုံ့လိုက်လေသည်။ သူ၏ အမူအရာမှာ လုံးဝ စိတ်ပျက်အားငယ်နေပုံပင်။

ကုဖေးတိအား ဤကဲ့သို့သောပုံစံဖြင့် မြင်တွေ့ရသောအခါ စုယန်လည်း မပျော်ရွှင်တော့ပေ။ ယင်းအစား ပို၍ဝမ်းနည်းသွားသလို ခံစားနေရသည်။

သူက ချောင်းဟန့်လိုက်ပြီး တည့်တည့်မတ်မတ် ထိုင်ကာ ပြောလိုက်၏။

"ဒီအကြောင်းတွေ ဆွေးနွေးပြီးတော့ ဘာလုပ်မှာလဲ? အခုက အစာစားရမယ့်အချိန်ပဲ!"

စုယန်သည် ပန်းကန်လုံးထဲရှိ ယာဂုကိုစားရန် တူကို ကောက်ကိုင်လိုက်သည်။ သို့သော် အချိန်အတန် ကြာသည်အထိ သူ့ပါးစပ်ထဲ အနည်းငယ်သာ ရောက်လေသည်။ သူသည် အမှားကို သဘောပေါက်သွားပြီး ချက်ချင်းပင် ဇွန်းကို ပြောင်းလဲအသုံးပြုလိုက်၏။

စုယန်သည် မနက်စာစားပြီးနောက် ဂိုဏ်းရေးကိစ္စများကို ဖြေရှင်းရန် ထွက်ခွာသွားခဲ့သည်။

ဂန္ဓမာခန်းမဆောင်သည် ကုဖေးတိအား ကူအဆိပ် ကူးစက်စေခဲ့သည့် လူငယ်အကြောင်း စုံစမ်းခဲ့ သော်လည်း ဘာမှထူးထူးခြားခြား မသိခဲ့ရပေ။ ထိုလူငယ်သည် ဝူကျန်းမန်ဂိုဏ်း၏ အကွာအကွယ် အောက်ရှိ လယ်ယာရွာလေးတစ်ရွာမှ စုယန်၏ ခေါ်ဆောင်လာခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုလူငယ်၏မိဘများသည်လည်း သာမန်လယ်သမား များသာဖြစ်ကြပြီး ဝူကျန်းမန်၏ အထက်ပိုင်း စီမံခန့်ခွဲရေးများနှင့်ပင် အဆက်အစပ်မရှိသဖြင့် အဲ့လော့ကွေးဂိုဏ်း၏ ကူအဆိပ်ကိုရရှိရန်လည်း အခွင့်မရှိပေ။

စုယန် ကျားနှင်းပန်းခန်းမဆောင်ကို ဖျက်သိမ်းခိုင်း လိုက်သောအခါ ထိုလူငယ်သည် ဂန္ဓမာခန်းမဆောင်၏ အကြီးအကဲရှေ့၌ ဒူးထောက်ကာ 'သူ၏အဖေက သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံပြီး မကြာခဏ ရိုက်နှက် ကြိမ်းမောင်းတတ်ကြောင်း၊ ထမင်းမကျွေးဘဲ ထားတတ်ကြောင်း၊ သူအိမ်သို့ မပြန်ချင်ကြောင်း' ပြောရင်း အော်ဟစ်ငိုယိုနေခဲ့သည်။ သူသည် မိစ္ဆာဂိုဏ်း၌သာ တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပြီး ထွက်ခွာမသွားလိုပါ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now