"ဒီဖေ.....ငါတကယ်မူး​ေနပြီလို့!!!"

လဲ့ချင်းယန်ကနှာတစ်ချက်မှုတ်လိုက်သည်။၎င်းအပြာရောင်မြွေသေးသေးလေးမှာလုံဖုချန်ဖြစ်ကြောင်းပြောစရာကိုမလိုတော့ပေ။

ရှောင်ကျန့်ကလုံဖုချန်အားအဆုံးမဲ့သမုဒ္ဒရာဆီသို့ပြန်သွားဖို့ရန်မေးမြန်းခဲ့ပေမယ့်နဂါးဘုရင်ကြီးကရှောင်ကျန့်အနောက်သာလိုက်ချင်သည်ဟုဆိုလာသည်။ကံဆိုးချင်တော့ရှောင်ကျန်တို့မှာနဂါးနဲ့ဖီးနစ်ကျောင်းတော်သို့ဝင်ရောက်ထားပြီးဖြစ်၍အပြင်လူတစ်ယောက်ကိုခေါ်ယူထားဖိုရန်မှာမဖြစ်နိုင်ပေ။

ဒီ့အတွက်လုံဖုချန်ဟာသူ့ရဲ့အားအနည်းဆုံးပုံပန်းသဏ္ဍာန်ဖြစ်သည့်မြွေသေးသေးလေးတစ်ကောင်အဖြစ်သို့ပြောင်းလ​ဲကာတစ်စုံတစ်ယောက်၏စာချုပ်သားရဲတစ်ကောင်အဖြစ်လျှို့ဝှက်လိုက်ပါလာရန်ဆုံးဖြတ်လိုက်သည်။

အပြာရောင်မြွေသေးသေးလေးမှာလွန်စွာသာမန်ဆန်ပြီးရိုးရှင်းသည့်မြွေလေးတစ်ကောင်နှင့်တူသည်။ပြဿနာကရှောင်ကျန့်ရဲ့စာချုပ်သားရဲပုံစံဟန်ဆောင်ဖို့ကိုအမြွှာနှစ်ယောက်ကလုံးလုံးခွင့်မပြုပေ။

အမြွှာနှစ်ယောက်၏အတွေးကတော့ရှောင်ကျန့်အနားတွင်မည်သည့်သက်ရှိကမှရှိနေမည်ကိုမလိုလားပါချေ။စာချုပ်သားရဲအဖြစ်သာဟန်ဆောင်လိုက်မိလို့ကတော့ရှောင်ကျန့်အနားသာတစ်ချိန်လုံးကပ်နေရမှဖြစ်ပြီးအသားချင်းတောင်ထိတွေ့နေရနိုင်သည်။

ဒါကနှစ်ယောက်လုံးသည်းမခံနိုင်ဆုံးသောအရာဖြစ်ပြီးသနားစရာနဂါးပြာလေးမှာသူ့ရဲ့သွေးမတော်သားမစပ်ဒေါသအိုးတူလေးဖြစ်သူဆီတွန်းထုတ်ခြင်းခံလိုက်ရသည်။လဲ့ချင်းယန်မှာလုံးဝမလိုလားပေမယ့်'ချင်း'မျိုးရိုးအမြွှာနှစ်ယောက်၏'ငြင်းရဲရင်ငြင်းကြည့်စမ်း'ဆိုတဲ့အကြည့်ကြောင့်တံတွေးတစ်ချက်မျိုချလိုက်ရင်းအင်တင်တင်ဖြင့်လက်ခံလိုက်ရသည်။

မြွေသေးသေးလေးမှာလုံဖုချန်ရဲ့အထိမခံနိုင်သည့်အားအနည်းဆုံးသောပုံသဏ္ဍာန်ဖြစ်သည်။လဲ့ချင်းယန်ကရွဲ့ပြီးလက်ကိုဟိုဘက်ယမ်းလိုက်၊ဒီဘက်ယမ်းလိုက်၊စက်ဝိုင်းပုံစံလှည့်လိုက်ဖြင့်ခါယမ်းနေသည့်အခါတွင်အပြာရောင်မြွေသေးသေးလေးမှာလဲ့ချင်းယန်၏လက်ကောက်ဝတ်ကိုသူ့အမြှီးဖြင့်ရစ်ပတ်ထားရာကနေမူးဝေပြီးမြွေတစ်ကောင်ဖြစ်နေပေမယ့်အော့အန်ချင်လာသလိုခံစားရသည်။

system 091 Where stories live. Discover now