အပိုင်း ၅၃ ( The Emperor 3 )

ابدأ من البداية
                                    

ဤနွားသားရေအိတ်တွင် အိတ်နှစ်ထပ် ရှိကာ အိတ်တစ်ထပ်တွင် ချူထင်းရှို့ မျက်နှာသစ်ရန်နှင့် လက်သုတ်ရန် အသုံးပြုထားသည်ဟု ယူဆရသော ရေစိုလက်ကိုင်ပုဝါတစ်ထည် ရှိနေပြီး အခြားအိတ်တစ်ထပ်တွင်တော့ တိုလီမုတ်စမျိုးစုံ ရှိနေကာ ကိုယ်ပိုင်တံဆိပ်တုံးများ၊ လက်မအရွယ်ခန့် ဓားအသေးစားလေးများ၊ ကျောက်စိမ်းဆွဲပြားနှင့် အလားတူပစ္စည်းများအပြင် ဆားခဲတစ်ခဲပင် ရှိနေသေးသည်။

ထိုကျောက်စိမ်းဆွဲပြားမှာ မူလပိုင်ရှင်မှ ချီးမြှင့်ခံထားရသော ဆုလာဘ် ဖြစ်သည်။

ယန်ကျင်းဇီကတော့ လက်ကိုင်ပုဝါကို ထုတ်ယူပြီး ဘေးတွင် ချိတ်ဆွဲထားလိုက်သည်။ ကတ်ကြေးကို အသုံးပြု၍ ချူထင်းရှို့၏ ဆံခြည်တစ်စကို ဦးစွာ အရင်ညှပ်ပြီးနောက် သူ့ကိုယ်ပိုင်ဆံခြည်တစ်စကို ညှပ်ယူလိုက်ပြီး အနီရောင်ကြိုးတစ်မျှင်ဖြင့် အတူချည်နှောင်လိုက်ကာ ချူထင်းရှို့၏ နွားသားရေအိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

သူ့အပြုအမူမှာ တကယ့်ကိုပင် ဆိုးရွားစုတ်ပြတ်နေပြီဖြစ်သော်လည်း ဤသို့ဖြစ်နေလေပြီ... ဆန့်ကျင်ဘက်အားဖြင့် 'ပျက်စီးနေသော' ယန်ကျင်းဇီကတော့ သူ့အဝတ်အစားများကို ထပ်ပြီး ချွတ်လိုက်ပြန်ကာ ချူထင်းရှို့၏ဘေးတွင် ဝင်လှဲလိုက်ပြီး သူတို့နှစ်ယောက်အပေါ် စောင်တစ်ထည်ကိုလည်း လွှမ်းခြုံထားလိုက်သေးသည်။

မူလပိုင်ရှင်သည် သူ ချူထင်းရှို့ကို ဘာလုပ်ရမလဲ ရက်များစွာ စိုး‌ရိမ်ပူပန်နေခဲ့ပြီး ညဘက်တွင်လည်း အိပ်မပျော်နိုင်ဘဲ ရက်ပေါင်းများစွာကြာအောင် မအိပ်ရသေးပေ...

ထို့ကြောင့် ယန်ကျင်းဇီသည် ခဏကြာပြီးနောက် လျင်မြန်စွာ အိပ်မောကျသွားသည်။

အဆောင်ထဲတွင် အချိန်အတော်ကြာ လှုပ်ရှားမှု မရှိသဖြင့် ယန်ကျင်းဇီကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသော မိန်းမစိုးအိုကြီး ဝမ်ကျုံးက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

မူလပိုင်ရှင်လောက် သတိမရှိသော ယန်ကျင်းဇီသည် လုံးဝ နိုးမလာပေ။

ချစ်ခင်ပွန်း ( ဘာသာပြန် )حيث تعيش القصص. اكتشف الآن