(24)Unicode

4.7K 407 3
                                    


ရိပေါ် နိုးလာတော့ ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်အနေအထား။
ရှောင်းကျန့်က ကွေးကွေးလေးအိပ်နေတာမို့ ရိပေါ်ရင်ခွင်ထဲ အလိုလိုတိုးဝင်မိလျက်သားလေး ဖြစ်နေတယ်။ ရိပေါ် ပြုံးလိုက်ပြီး ဆံပင်ပျော့ပျော့လေးတွေမိုးထားတဲ့ နဖူးပြေပြေလေးပေါ် အနမ်းဖွဖွပေးလိုက်တယ်။ ရှောင်းကျန့်က အိပ်ပျော်နေတုန်းမို့ နှုတ်ခမ်းဖူးလေးက စူလုံးလုံးလေးဖြစ်နေသေးတာရယ်။ ဒီတော့ ရိပေါ်လည်း မနက်ခင်းအနမ်းအနေနဲ့ ရှောင်းကျန့်နှုတ်ခမ်းဖူးလေးကို ခိုးမွှေးပစ်လိုက်တာပါပဲ။

နာရီကို လှမ်းကြည့်တော့ မနက် ၆ နာရီတောင် မထိုးတတ်သေး။ ဒါပေမဲ့ ရှောင်းကျန့်အတွက် မနက်စာဝယ်ပေးချင်တာမို့
ခုကတည်းက ထလိုက်တယ်။ မျက်နှာသစ်ပြီးတာနဲ့ သားရေဂျာကင်ကို သံချိတ်ကနေဖြုတ်လိုက်ပြီး ရှောင်းကျန့် ကိုယ်ပေါ် စောင်သေသေချာချာလုံအောင် ခြုံပေးလို့ အခန်းထဲကထွက်လာလိုက်တယ်။

ရိပေါ် သိတဲ့ဆိုင်ကိုပဲသွားတာမို့ ရှောင်းကျန့်တိုက်ခန်းနဲ့ နည်းနည်းတော့ လှမ်းတယ်ပြောရမယ်။ ဖက်ထုပ်ပြုတ်နဲ့ မန်ထိုပေါက်စီပူပူလေးတွေ သေချာစောင့်ဆိုင်းဝယ်ယူပြီးတဲ့အခါမှာတော့ ၇နာရီနီးပါးဖြစ်သွားပြီပဲဖြစ်တယ်။ ဒီချိန်လောက်ဆို ရှောင်းကျန့်နိုးနေလောက်ပြီမို့ ရိပေါ် အမြန်ပြန်ရပါတော့တယ်။

ဓာတ်လှေကားထဲက အထွက္မှာတော့ ရှောင်းကျန့်တိုက်ခန်းထဲကနေ လူတစ်ယောက်ထွက်လာတာတွေ့လိုက်ရတယ်။ မနက်အစောကြီးလာရအောင် ဘယ်သူ
များပါလိမ့်ဆိုတာ ရိပေါ်အပြေးအလွှားစဥ္းစားရတယ်။ suit ဝတ်ထားပေမဲ့ ရှောင်း
ကျန့်အဖိုးရဲ့ ကိုယ်ရံတော်ပုံမျိုးတော့ပေါက္မနေဘူး။ ဥပဓိရုပ်ကောင်းတဲ့ ၃၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ယောက်
ဆိုပေမဲ့ ရိပေါ်လည်း တစ်ခါမှမမြင်ဖူးတာအမှန်။

ရှောင်းကျန့်နဲ့ ဘယ်လိုပတ်သက်တယ်မသိပေမဲ့ ရိပေါ်ကတော့ ရှောင်းကျန့်အခန်းထဲ လူတိုင်းကိုပေးမဝင်စေချင်ဘူး။ ဘာလို့ဆို ရှောင်းကျန့်က ဝန်ကြီးချုပ်ဟောင်းရဲ့တစ်ဦးတည်းသောမြေးဖြစ်နေတာမို့ ရှောင်းကျန့်လုံခြုံရေးအတွက် ရိပေါ် အဓိထား စဥ္းစားမိလို့ပဲဖြစ်တယ်။ ရိပေါ်လူက ချီတုံချတုံနဲ့ နုံအအကလေးမို့ တစ်ခုခုဖြစ်ရင် ရိပေါ် ပဲရင်ကျိုးရမှာရယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now