(15)Zawgyicode

2K 70 0
                                    


ဆေးသွင်းထားတဲ့ ရှောင်းကျန့်က ဆေးရုံ ကုတင်ပေါ်ပိုက်တန်းလန်းနဲ့ အိပ်ပျော်နေတယ်။ နာလန်ထစမို့ အားနည်းနေတာဖြစ်ပြီး ထိတ်လန့်ဖွယ်တစ်ခုခုကြုံလို့ ရှော့ခ်ရသွားတာဖြစ်ကြောင်း ဆရာဝန်ကဆိုလာတုန်းကဆို ရိပေါ်မျက်နှာဘယ်နားသွားထားရမယ်မှန်းမသိ။ လောလောဆယ် ရှောင်းကျန့်အနားမှာ နေပေးဖို့မဖြစ်နိုင်သေးတာမို့ အခန်းပြင်ထွက်လာပြီး စင်္ကြံလမ်းက ခုံတန်းမှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်တယ်။

မရှေးမနှောင်းမှာပဲ အိတ်ကပ်ထဲက ဖုန်းက တုန်ခါလာတာမို့ ဆွဲထုတ်လိုက်ပြီး ဖွင့်ကြည့်တော့ ရှောင်ဖုန်း ဆီက။ ပြောချင်စိတ်မရှိပေမဲ့ မကိုင်မချင်းခေါ်မယ့်ပုံမို့ ကိုင်လိုက်တဲ့အခါ တစ်ဖက်က အလောတကြီးလေသံနဲ့ပြောလာတယ်။

"ဟယ်လို! ဝမ်ကော မအားလို့လား...ကျွန်တော်ဆက်နေတာကြာလှပြီ...ဖုန်းတစ်ခါမှမကိုင်လို့ စိတ်ပူနေတာ"

"အင်း....ဘာကိစ္စလဲ"

ရှောင်ဖုန်းက ဖုန်းခေါ်တာကြာလှပြီဆိုပဲ။ ရိပေါ် ဖုန်းလာတာတောင် သတိမထားမိလောက်အောင် ထူပူနေခဲ့တာပါလား။
ဘာမြှပန်မပြောချင်တော့တာမို့ လိုရင်းကိုသာ တည့်မေးလိုက်တော့တယ်။

"တကယ်တော့ ကျွန်တော် အခုပြောမယ့်
စကားကိုနေ့ခင်းကတည်းက ပြောချင်နေခဲ့တာပါ...မ​ပြောလိုက်ရဘူးဆိုရင် နောင်တရနေရမှာမို့ ဝမ်ကော ကျေးဇူးပြုပြီးနားထောင်ပေးပါ...ဖုန်းမချလိုက်ပါနဲ့နော်...အကိုကလေ...လူဆိုးလူမိုက်တစ်ယောက္မဟုတ်ရပါဘူး...အကို့အဖိုးက ဝန်ကြီးချုပ်ဟောင်းမို့ လုံခြုံရေးအရ ဖုံးကွယ်နေခဲ့ရတာပါ..ဝတ်စုံနက်တွေက သက်တော်စောင့်တွေပါ...ဒါကြောင့်ကျွန်တော်နဲ့အကိုက အလှမ်းကွာဝေးလွန်းတယ်လို့ပြောခဲ့တာပါ....ဟယ်လို...ဝမ်ကော...နားထောင်နေလားဟင်....ဟယ်လို! ! "

ရိပေါ် ဆက်နားမထောင်ရဲတော့။ ရှောင်ဖုန်းပြောသလိုသာဆို ရှောင်းကျန့်နဲ့အတူတူတွဲတွေ့ရတာက ရှောင်းကျန့်ရဲ့အဖိုးဖြစ်နေခဲ့တာပဲ။ အဖိုးဖြစ်သူက ဝန်ကြီးချုပ်ဟောင်းတဲ့။ဒါကြောင့် ရိပေါ်စိတ်ထဲ  ရင်းရင်းနှီးနှီးမြင်ဖူးပါတယ်မှတ်တာ လက်စသတ်တော့ သမ္မတဝမ်ကျားပေါင်(Wen Jia Bao) လက်ထက်တုန်းက အတော်လေးဩဇာညောင်းခဲ့တဲ့ ဝန်ကြီးချုပ်ရှောင်းပဲ။
ရုပ်သံလိုင်းနဲ့ ဂျာနယ်တွေမှာမကြာခဏမြင်ဖူးခဲ့တာမို့ ရိပေါ်ကောင်းကောင်းသိတယ်။လက်ရှိမှာ အတိုက်အခံပါတီရဲ့ အကြံပေးအဖွဲ့ထဲမှာ ထိပ်တန်းနေရာက ပါနေတာမို့ လုံခြုံရေးတင်းကြပ်ထားတဲ့သူပါပဲ။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now