(16)Unicode

5.3K 488 3
                                    

ရိပေါ် အခုရှောင်းကျန့်တိုက်ခန်းရှေ့ကိုရောက်နေတာပဲဖြစ်တယ်။ ပါးက အိမ်ပြန်ခိုင်းပေမဲ့ ရိပေါ် ခြေလှမ်းတွေကတော့ ရပ်တန့်ဟန့်တားလို့မရနိုင်ခဲ့ဘူး။ ရှောင်းကျန့်
နဲ့ပတ်သက်သမျှလေးတွေနားမှာ ခဏဖြစ်ဖြစ် ခိုဝင်နေချင်သေးတာမို့။လျှို့ဝှက်နံပါတ်က ရိပေါ်မွေးနေ့နဲ့ဆင်တူနေတာမို့ မှတ်သားထားတဲ့အတိုင်း နှိပ်လိုက်တော့ တံခါးက အလွယ်တကူပွင့်သွားတယ်။ မဟုတ်မှ ရှောင်းကျန့်က ရိပေါ်မွေးနေ့အတိအကျကြီးကို လျှို့ဝှက်နံပါတ်အဖြစ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်။

ဧည့်ခန်းထဲ လှည့်ပတ်ကြည့်လိုက်တဲ့အခါ စားပွဲပေါ်မှာ ရှောင်းကျန့်အဖိုးသောက်သွားတဲ့ ကော်ဖီခွက်တောင် မသိမ်းထားရသေးဘူး။ ရိပေါ် လည်းရှင်းလင်းနေတဲ့ တိုက်ခန်းထဲ တစ်လှမ်းချင်းလျှောက်ကြည့်ရင်း ရှောင်းကျန့်အကြောင်းတွေးနေမိတယ်။ဒီအတောအတွင်း ရှောင်းကျန့်အတော်လေးပင်ပန်းခဲ့မှာပဲ။ ဒီကြားထဲရိပေါ်ကပါ စိတ်အနှောင့်အယှက်ပေးနေခဲ့
မိသေးတာ။ရိပေါ် ကိုလည်း လက်ထပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အားနာနေခဲ့ရှာမှာ။

ဒါပေမဲ့ ရှောင်းကျန့်သိမထားတာတစ်ခုက ရိပေါ် ရှောင်းကျန့်အပေါ် မရိုးသားခဲ့ဘူးဆိုတာကိုပဲ။ ဟုတ်တယ်။ ရိပေါ် ရှောင်ကျန့်
ကိုသဘောကျတယ်။ချစ်သူတစ်ယောက်လိုမျိုး...။ ဒါက ဘယ်လိုမှ ဝန်ခံဖို့မဖြစ်နိုင်တဲ့အမှန်တရားပဲ။ဘာလို့ဆို အရင်တုန်းကတော့ ရှောင်းကျန့်ကို ရန်သူလို့သတ်မှတ်ထားတာမို့....အခုကျတော့ ကိုယ့်ကိုကိုယ်အပြစ်သားတစ်ယောက်လို ခံယူလိုက္တာမို့။

"ဟူးးးးးး"

ရိပေါ် လည်း လေပူတစ်ချက္မှုတ်ထုတ်လိုက်ရင်း ရှောင်းကျန့်ခုတင်ပေါ် ထိုင်ချလိုက်တယ်။ ခုတင်က အေးစက္နေပေမဲ့ ရှောင်းကျန့်ရဲ့အငွေ့အသက်တွေပြည့်မွှမ်းနေတုန်းပဲဖြစ်တယ်။ရိပေါ် အိပ်ရာခင်းလေးကို လက်ချောင်းတွေနဲ့ဖွဖွပွတ်သပ်လိုက်ရင်း ရှောင်းကျန့် နေမကောင်းဖြစ်နေတုန်းက အဖြစ်အပျက်ကိုပြန်မြင်ယောင်မိတော့ စိတ်ထဲ နေလို့မကောင်း။

အဲ့တုန်းက လက်ထောက်လီရောက်လာတာနဲ့ ဆန်ပြုတ်ပန်းကန်ကို လက်ထောက်လီ
ကိုပဲ ပြင်ဆင်ခိုင်းပြီး လစာအပြည့်ခွင့်ပေးမယ့်အကြောင်းပြောပြီးတာနဲ့ ပြန်သွားခဲ့မိတာ။ ရှောင်းကျန့် ဆေးသောက္လား မသောက္ဘူးလားဆိုတာကိုတောင် စောင့်ကြည့်မနေနိုင်ခဲ့ဘူး။ ဒါကရှောင်းကျန့်အပေါ် လိုအပ်တာထက္ ပိုနွေးထွေးမပေးချင်မိတဲ့ အတ္တထုထည်ကြောင့်ပါပဲ။အခုကျ ဒီအတ္တကြောင့်ပဲ ရိပေါ် အမှားကျူးလွန်ခဲ့မိပြီပဲဖြစ်တယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)On viuen les histories. Descobreix ara