(10)Unicode

5K 492 2
                                    


ရိပေါ် ကားကိုပလက်ဖောင်းဘေး ထိုးရပ်လိုက်ပြီး နောက်ကြည့်မှန်ကနေတစ်ဆင့် အကဲခတ်လိုက်တော့ ရှောင်ဖုန်းက ရှောင်းကျန့်ကို တစ်ခုခုပြောနေပုံရပြီး စာအိတ်တစ်ခုလှမ်းပေးလိုက်တာ တွေ့ရတယ်။ ရှောင်းကျန့်က ဘေးဘီကိုဝေ့ဝဲကြည့်ပြီးတာနဲ့ ရှောင်ဖုန်းလက်ထဲက စာအိတ်ကို ဆတ်ခနဲဆွဲယူလိုက်လေရဲ့။ နောက်တော့ ရှောင်းကျန့်က အရင်ထွက်သွားပြီး
ရှောင်ဖုန်းက လက်ပြကျန်ရစ်နေခဲ့ပြီးမှ လူစုခွဲသွားကြတာပဲဖြစ်တယ်။

ဆန့်ကျင်ဘက်လားရာနှစ်ခုဆီ ထွက်သွားကြတဲ့ လူနှစ်ဦးကို ကားပေါ်ကနေ လှမ်း
ကြည့်ရင်း ကြိတ်မနိုင်ခဲမရဖြစ်နေသူက ရိပေါ်။ ရှောင်းကျန့်နဲ့ ရှောင်ဖုန်းက ဘယ်
လိုပတ်သက်နေတာလဲ။ ရိပေါ် က ရှောင်ဖုန်းကို ယုံကြည်လို့ ရှောင်းကျန့်ကိစ္စတွေ
ကို စုံစမ်းခိုင်းခဲ့ပေမဲ့ ဒီပုံစံအတိုင်းသာဆို ရိပေါ်နောက်ကျောကို ဓားနဲ့ထိုးသွားတာပဲ မဟုတ်ပါလား။

ဒါကြောင့်မို့ ဘာမှထူးခြားမနေတဲ့ ရှောင်းကျန့်ရဲ့ အိမ်လိပ်စာအသစ်ကိုတောင်
ရိပေါ်ကိုအသိမပေးဘဲ လျှို့ဝှက်ထားခဲ့
တာပဲ။ အဖေဖြစ်သူဆေးရုံတက်နေရလို့ မအားဘူးဆိုတဲ့သူက ရှောင်းကျန့်ဆီတော့ လာတွေ့ဖို့အချိန်ရှိတယ်တဲ့လား။
ရိပေါ် မေးခွန်းများစွာနဲ့အတူ ဒေါသသွေးတို့ဆူပွက်လာရပြီပဲဖြစ်တယ်။

ဒါပေမဲ့ ရိပေါ် ရှောင်ဖုန်းအကြောင်းကိုကောင်းကောင်းသိတယ်။ ရှောင်ဖုန်းလို ရိုးသားတဲ့ညီငယ်လေးက မလွှဲသာတဲ့ အခြေအနေတစ်ခုခုကြောင့်သာ အခုလိုရွေးချယ်ခဲ့တာပဲဖြစ်ရမယ်။ သိပ်ကြောက်စရာကောင်းတဲ့ ရှောင်းကျန့်ရဲ့မာယာအောက္ရောက်သွားတာလည်းဖြစ်နိုင်တာပဲ။
ဒီလိုတွေးကြည့်ပြန်တော့ သစ္စာဖောက်ခံ
ရပါလားဆိုတဲ့အသိကနေ စိတ်သက်သာ
ရာရတယ်ထင်ရပေမဲ့ တကယ်တမ်းကျ
အဲ့လောက်လည်းဟုတ်မနေဘူး။
ဘာလို့ဆို ရှောင်းကျန့်က လှည့်စားတတ်
တဲ့သူဆိုတာကြီးက ရိပေါ်ရဲ့ဦးနှောက်ဆီ အချက်ပေးခေါင်းလောင်းလို တတိတိနဲ့ လာရောက်နှိုးဆွတဲ့အခါ နှလုံးသားက
ကျဥ္ခနဲ ခံစားရလို့ပဲဖြစ်တယ်။

'ည့့ံသက်တွေဝေနေမယ့်အစား  ရှောင်းကျန့်ကို အနိုင်ယူဖို့သာစဥ္းစားစမ်း ရိပေါ် '

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now