(23)Zawgyicode

1.7K 60 0
                                    


ရိပေါ်  သွားတိုက်ပြီး ရေချိုးခန်းထဲက ထွက်လာတဲ့အခါ ရှောင်းကျန့်က ခုတင်နားမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေလေရဲ့။ လက်ကလေးကို ကျုံ့နေအောင်ပိုက်ထားသေးတာမို့ ရိပေါ်ပြေးပွေ့လိုက်ချင်တာမှအရမ်းပဲ။ ရိပေါ်ရပ်ကြည့်နေမှန်းသတိထားမိသွားတဲ့အခါမှ ရှောင်းကျန့်ဆီက အာမေဍိတ်သံသေးသေးလေး ထွက်လာတယ်။

"အာ...!"

ပြီးတော့လည်း ဘာမှဆက်ပြောမလာဘဲ အောက်နှုတ်ခမ်းကို ယုန်သွားလေးနဲ့ဖိကိုက်ထားပြီး ချီတုံချတုံဖြစ်နေပြန်သေးရဲ့။

"အင်..ဟင်...! "

ရိပေါ် မျက်ခုံးပင့်ပြီး မေးဆတ်ပြလိုက်တော့ မျက်လုံးလဲ့လဲ့လေးတွေနဲ့ကြည့်လာပြီး လေသံတိုးတိုးလေးနဲ့ မေးလာတယ်။

"ဟို...CEO က ဘယ်မှာ အိပ်မှာလဲ...ကျွန်တော့်အိပ်ရာမှာ အိပ်တတ်ရဲ့လားဟင်..."

ဪ...ရိပေါ်မှာတော့ ဘာများဖြစ်လို့လဲလို့။ ရှောင်းကျန့်က ရိပေါ်အိပ်ဖို့ အကြိတ်အနယ်စဉ်းစားပေးနေတာပဲ။

"ဘာလို့ မအိပ်တတ်ရမှာလဲ...ကိုယ့်ချစ်သူအိပ်ရာပဲကို..."

ရိပေါ်  ဖွဖွပြုံးရင်း ပေါ့ပေါ့ပါးပါးပြောလိုက်တော့ မျက်လွှာတစ်ချက်ဝင့်ကြည့်လာပြီး ဘာမြှပန်ပြောမလာဘူး။ အဲ့ဒီအစား ခေါင်းအုံးတစ်လုံးကို ပွေ့ပိုက်လို့ အရှေ့ခန်းဘက်ထွက်ဖို့ပြင်ပါတော့တယ်။

"အယ်....ဒါက ဘယ်လဲ.."

ရိပေါ် အလျင်စလိုမေးလိုက်တဲ့အခါ ရှောင်းကျန့်က ဖျော့ဖျော့ပြုံးရင်းပြန်ဖြေလာတယ်။

"ကျွန်တော် ဆိုဖာပေါ်မှာ သွားအိပ်မှာမို့
CEO စိတ်ချလက်ချအိပ်ပါ..."

"ရှောင်း...! "

ရှောင်းကျန့်စကားအဆုံးမှာတော့ ရိပေါ် လည်း ခပ်ကျယ်ကျယ်ခေါ်လိုက်ရင်း ရှောင်းကျန့် လက်ကောက်ဝတ်လေးကို ဖျတ်ခနဲလှမ်းဆွဲလိုက်တယ်။

"မသွားရဘူး...မောင်နဲ့တူတူအိပ်...အဟမ်း...ဒီတိုင်းလေး...တကယ်ကို ဒီတိုင်းလေးပဲ အိပ်မှာမို့...
မောင့်အနားမှာပဲ အိပ်ပေးပါလား ခင်ဗျားရယ်...ဟင် ..."

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now