(11)Unicode

4.8K 499 10
                                    


ရိပေါ် ဘောင်းဘီအိတ်ထဲလက်ထိုးထည့်ရင်း မှန်နံရံရှေ့ရပ်ကြည့်လိုက်တဲ့အခါ ရှန်ဟိုင်းတာဝါရဲ့ခေါင်မိုးပေါ်မှာ တိမ်မည်းတစ်အုပ်က ခပ်ရွေ့ရွေ့​ပြေးလွှားနေတယ်။
ဒီမနက် ရိပေါ်ရုံးကိုလာကတည်းက ရှန်ဟိုင်းရဲ့ကောင်းကင်က ညိုရီအုံ့မှိုင်းနေတာပဲဖြစ်တယ်။လက်က နာရီကိုမြှောက်ကြည့်လိုက်တော့ နေ့လည် ၁၁ နာရီ ။ မွန်းလွဲ ၂ နာရီမှာ အစည်းအဝေးရှိတာမို့ လက်ထောက်လီက လိုအပ်တာပြင်ဆင်ဖို့ လက်ပ်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေလေရဲ့။

ရိပေါ်လည်း အစည်းအဝေးနဲ့သက်ဆိုင်တဲ့ဖိုင်တွဲတစ်ခုကို ဆွဲယူလိုက်ပြီး ပါးရဲ့ ရုံးခန်းကိုထွက်လာလိုက်တယ်။ဒီလောက်နဲ့ကတော့ အလုပ်ရှုပ်နေတဲ့ လက်ထောက်
လီကို ခိုင်းမနေတော့ဘူး။ ပါးရဲ့ရုံးခန်းက ရိပေါ် ရုံးခန်းနဲ့ တစ်လွှာတည်းဆိုပေမဲ့
နည်းနည်းတော့လှမ်းတယ်ပြောရမယ်။

ရိပေါ် ဖိုင်တွဲကို လက်တစ်ဖက္မှာကိုင်ပြီး ကျန်တဲ့လက်ကိုတော့ ဘောင်းဘီအိတ်ထဲထိုးထည့်ထားရင်း ခြေလှမ်းမှန်မှန်လျှောက်နေတာပဲဖြစ်တယ်။ ထောင့်ချိုးနားရောက်တဲ့အခါမှာတော့ လှစ်ခနဲ​ရောက်လာတဲ့ လူရိပ်ကို တွေ့လိုက်ရတာမို့ ရိပေါ်ကိုယ်ကို ရို့လို့ ခြေလှမ်းကိုရုတ်လိုက်ရင်း ထောင့်ကွယ်ကနေကြည့်လိုက်တဲ့အခါ...

' ရှောင်းကျန့် '

ရှောင်းကျန့်က ဟိုဟိုဒီဒီဝေ့ကြည့်လိုက်ပြီးတာနဲ့ လက်ထဲကကိုင်ထားတဲ့ စာရွက်လိုအရာတစ်ခုကို ခြေနင်းအမှိုက်ပုံးထဲလွှင့်ပစ်လိုက်တယ်။မျက္မှန်ကိုပင့်တင်လိုက်ရင်း ပါးစပ်ကလည်းပွစိပွစိရွတ်နေတာကို နားစွင့်ထားတဲ့ ရိပေါ် ကတော့ ကြားဖြစ်အောင်ကြားလိုက်သေးရဲ့။

"အဲ့လိုမှန်းသိရင် မနေ့ကတည်းက လက္မခံပါဘူး"

ပြီးတာနဲ့ ဖုန်းထုတ်ပြီးတစ်ယောက်ယောက်ကိုဆက်နေတာ တွေ့ရတယ်။ တစ်ဖက်လူကဘာပြောတယ်မသိပေမဲ့ ရှောင်းကျန့်ကတော့ တစ်ဖက်က ချိန်းဆိုတဲ့ဆိုင်ကို ရုံးဆင်းတာနဲ့ လာခဲ့မယ့်အကြောင်း ပြောနေတာပဲဖြစ်တယ်။ရိပေါ်လည်း ကြားသမျှကို မှတ်သားထားလိုက်တယ်။ရုံးဆင်းတာ
နဲ့ရှောင်းကျန့်နောက်ကို နောက်ယောင်ခံလိုက်ဖို့ပဲ ရှိတော့တာပေါ့။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now