(8)Unicode

4.9K 532 2
                                    


ချွင်! !

ဓားသွားနှစ်ခုထိခတ်သံက ဝမ်အိမ်တော်
ရဲ့ သီးသန့်အခန်းကျယ်ထဲမှာ တစ်ချက်တစ်ချက် ထွက်ပေါ်လို့နေတယ်။ ရိပေါ်ဘက်က စတင်တိုက်နေရတာဖြစ်ပြီး ရှောင်းကျန့်က လှလှပပရှောင်ကွင်းနေတာပဲဖြစ်တယ်။ ခန္ဓာကိုယ်ကို ယိမ်းရင်းယိုင်ရင်း ကော့ညွှတ်ရင်းနဲ့ပဲ ရိပေါ်ရဲ့ဓားချက်ကိုရှောင်နေပြီး တစ်ချို့အကွက်တွေမှသာ ဓားဖျားကို ရှေ့ထုတ်လာတာပဲဖြစ်တယ်။
ခုချိန်ထိရိပေါ် ရဲ့ဓားဦးချွန်ကရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ဆီ တစ်ချက်ကလေးမှ မထိခတ်မိသေးဘူး။

မျက်နှာဖုံးအောက်ကနေ တစ်စွန်းတစ်စ လှမ်းမြင်နေရတဲ့ ရှောင်းကျန့်က တည်ငြိမ်လွန်းနေတယ်။သက်လုံနဲ့ ကစားကွက်အနေအထားအရ Fencing ကစားတဲ့သက်တမ်းရင့်နေပြီမှန်းလည်း သိသာတယ်။ ရှောင်းကျန့်က ခြေတံရှည်တာမို့ ခြေအသိမ်းအနုတ်ဟာ ကြွရွလှပနေတာပဲဖြစ်တယ်။ ရိပေါ် အကျွမ်းကျင်ဆုံး တစ်ခုတည်းသော အားကစားက ရှောင်းကျန့်အတွက်တော့ သိပ်လွယ်ကူနေပုံပဲ။

"ရားးး! ! "

ရိပေါ် ညာသံပေးပြီး တိုက်စစ်ပြန်ဆင်တဲ့အခါ ရှောင်းကျန့်က ထုံးစံအတိုင်း ကိုယ်
ကို နောက်ကို ယိမ်းလိုက်ရင်းကနေ ရုတ်တရက် ဓားဖျားကိုဝှေ့ပြီး
ပြန်တိုက်လိုက်တာမို့ ရိပေါ် ခါးကို
ဓားဖျားနဲ့ထောက္မိသွားပြီး ​ေရှာင်းကျန့် တစ်မှတ်ရသွားပြီပဲဖြစ်တယ်။
ရိပေါ်လည်း အငိုက္မိသွားတာမို့ အပြင်းအထန်ပြန်တိုက်တဲ့အခါ ရှောင်းကျန့်က ခုခံရုံအပြင် တိမ်းယိမ်းရှောင်ရှားရင်းနဲ့ပဲ အချိန်ဆွဲတိုက်နေပြန်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ချလွမ်!!!"

သတ်မှတ်ချိန်ပြည့်တာနဲ့ ရိပေါ် ဓားကို လွှတ်ချလိုက်ပြီး မျက်နှာဖုံးကို ဆွဲချွတ်လိုက်တယ်။ ရှောင်းကျန့်က လက်ရည်အများကြီးသာပေမဲ့ ရိပေါ်ကိုတမင်အလျှော့ပေးထားမှန်း ကစားသူချင်းမို့ သိနေတယ်။
ဒါ​တောင်မှ ရှောင်းကျန့်ဆီရှုံးနိမ့်သေး
တာမို့ ရိပေါ် နာသာခံခက်ဖြစ်ရတာပဲဖြစ်တယ်။

ဒေါသ​ကြောင့် ရဲစွေးလာပြီဖြစ်တဲ့ ရိပေါ် မျက်နှာက ချွေးစတွေခိုသီးနေတယ်။ညာလက်က လက်အိတ်ကိုပါ ဆွဲချွတ်လို့ ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ပြီး
ချွေးစိုနေတဲ့ ဆံပင်တွေကို လက်ချောင်းတွေနဲ့ခပ်ကြမ်းကြမ်း ထိုးဖွပစ်လိုက်တယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now