(9)Unicode

4.9K 494 2
                                    


ရိပေါ်  စာရင်းတွေသာ စစ်နေရပေမဲ့ စိတ်
နဲ့လူနဲ့သိပ်မကပ်ချင်။ ဘာကို လိုအပ်လို့လိုအပ်နေမှန်းလည်း စဥ္းစားလို့ကမရ။သေချာတာကတော့ ရိပေါ် တစ်ချက်တစ်ချက် ငူငိုင်မိသွားတာပဲဖြစ်တယ်။ စာရွက်တွေ လှန်နေရင်းကနေ ရပ်သွားတတ်သလို  လက္မှတ်ထိုးခါနီးမှာ ဘောလ်ပန်ကိုင်ထား ရင်း ဘာရေးရမှန်းမိတော့ဘဲ တန့်နေမိတာ ခဏခဏ။ ယုတ်စွအဆုံး မှန်နံရံကနေ ရှန်ဟိုင်းတာဝါကို တွေတွေကြီးစိုက်ငေးနေမိတာမျိုးပေါ့။

ပါး ခေါ်လာပေးတဲ့ ရိပေါ်ရဲ့လက်ထောက်ကတော့ ရိပေါ်ကို ​တစ်ချက္တစ်ချက္ အကဲခတ်သလို ကြည့်လာပေမဲ့ ရဲရဲတင်းတင်းတော့မဟုတ်ဘူး။
လက်ထောက်အသစ်နာမည်က လီချန်းမင်။ လက်ထောက်လီက ရိပေါ်ထက္ မဆိုသလောက်ငယ်ပြီး ဖျတ်ဖျတ်လတ်
လတ်ပါပဲ။ မျက္မှန်တပ်ထားတာမို့ တစ်စုံတစ်ယောက်ကို ပြင်းပြင်းပြပြ သတိရသွားစေတာကတော့ ခြွင်းချက်
ပေါ့။

နောက်ဆုံးတော့ ရိပေါ် လည်း ဆက်တင်း
မထားနိုင်တော့စွာနဲ့ လက်ထောက်လီကို တာဝန်ပေးလိုက်တာကတော့....

"ကော်ဖီသောက်ချင်တယ်...ဒီဇိုင်းဌာနက ရှောင်းကျန့်ကိုယ်တိုင်ဖျော်ပြီး လာပို့ခိုင်းလိုက်ပါ"

လက္ထောက်လီက ကျိုးနွံစွာနဲ့ အခန်းတံခါးဖွင့်လို့ ထွက်ခွါဖို့ပြင်တဲ့အခါ 
ရှောင်းကျန့်ကို တစ်ခါတည်းစောင့်ခေါ်လာဖို့ ရိပေါ်  ကမန်းကတမ်းမှာလိုက်ရသေးတယ်။မတော်လို့ ရှောင်းကျန့်တစ်ယောက် ရိပေါ်ရဲ့ CEO ရုံးခန်းကို မသိဘဲ လမ်းပျောက်နေမှာစိုးတာမို့။

လက်ထောက္လီထွက်သွားမှပဲ ရိပေါ်လည်း ဆုံလည်ကုလားထိုင်ပေါ် မှီချလိုက်တော့တယ်။ နှုတ်ခမ်းစွန်းတစ်ဖက်ကို လွင့်တက်နေအောင်ပြုံးလိုက်ရင်း ဆုံလည်ကုလားထိုင်ကို လှည့်ရမ်းနေလိုက်တယ်။ တစ်ချို့သော စောင့်ဆိုင်းရခြင်းတွေက ရင်ခုန်ဖို့ သိပ်ကောင်းတယ်။

မကြာမြင့်မီအချိန်လေးမှာ အခန်းတံခါးခေါက်သံကြားရပြီမို့ ရိပေါ် ဝင်ခွင့်ပေးလိုက်တယ်။ ရိပေါ်ရဲ့ အလုပ်စားပွဲကအခုဆို ရှင်းလင်းနေပြီး ကော်ဖီခွက်ကလေးအတွက် နေရာအကျယ်ကြီးဟာ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
စားပွဲစွန်းဆီ ဖြစ်သလိုတွန်းရွှေ့ထားတဲ့
လက်ပ်တော့နဲ့စာရွက်စာတမ်းတွေကတော့ ယိုင်လို့ရွဲ့လို့ပေါ့။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now