(3)Unicode

5.8K 597 3
                                    


ရိပေါ် ဝမ်အိမ်တော်ပြန်ရောက်တော့ ဖွားဖွားက မှန်ပြတင်းဘောင်ပေါ်က ဘွန်ဆိုင်းပင်လေးကို ရေဖျန်းနေရင်းကနေ လှည့်
ကြည့်လို့ပြုံးပြလာတယ်။

"မြေး...ပြန်ရောက်ပြီလား"

"ဟုတ်...အာ....ဖွား အပင်ရေလောင်းနေ
တာပါလား...ထူးထူးဆန်းဆန်း"

"ဟုတ်ပါ့ကွယ်....ဒီအပင်လေးက ဖွား လက်ဆောင်ရထားတာလေ"

ဖွားက ဘွန်ဆိုင်းပင်ပုလေးကို တစိမ့်စိမ့်ပြုံးကြည့်ရင်းဆိုလာတာမို့ ရိပေါ် စိတ်ဝင်စားသွားတယ်။

"ဟုတ်လား....ဘယ်သူပေးတာလဲဖွားရဲ့"

"အားကျန့်ပေးတာ...အယ်...အားကျန့်က မြေးတို့ကုမ္ပဏီမှာပဲလေ...​သိရောသိကြရဲ့လား...မဖြစ်သေးပါဘူး...မြေးကို ပိတ်ရက်ကျရင် အားကျန့်နဲ့ သေချာမိတ်ဆက်ပေး
ရမယ်"

လက်စသတ်တော့...ဒီအသုံးမကျတဲ့ ဘွန်ဆိုင်းပင်က ရှောင်းကျန့်ပေးထားတာကိုး။ရိပေါ်နဲ့ အထူးတလည်မိတ်ဆက်ပေးရလောက်အောင် ရှောင်းကျန့်က
အရေးပါနေပြန်ပြီပဲ။

"မိတ်ဆက်ပေးရအောင် သူကဘာမို့လို့လဲ"

ဒေါသရိပ်စွက်တဲ့လေသံနဲ့အတူ မျက်ခုံးကိုတွန့်ချိုးထားလိုက်တဲ့အခါမှာတော့ ဖွားဖွားက ပြာပြာသလဲ ဟန့်တားလို့လာတယ်။

"အယ်...မရိုင်းပျရဘူးလေ မြေးရယ်...အားကျန့်က ချစ်ဖို့သိပ်ကောင်းတယ်...ဖွားအပေါ်လည်း သိပ်နွေးထွေးတာ"

"ပြောပါအုံး...သူ ဖွားကိုဘယ်လိုနွေးထွေးလဲဆိုတာ"

"မနှစ်တုန်းက ဖွားခြေအတက်ခွဲစိတ်ဖို့အတွက် ဆေးရုံတက်ရတာ မြေးသိတယ်မလား"

"ဟုတ်...သိတယ်လေ"

"ဖွား အနာမကျက်ခင် ဆေးရုံမှာပဲရှိနေသေးတဲ့အချိန်ကပေါ့...ဆေးရုံပန်းခြံကို ပြတင်းပေါက်ကနေလှမ်းမြင်နေရတာနဲ့တင် အားမရဘဲ ပန်းခြံထဲက ခုံတန်းလျားပေါ် သွားထိုင်ချင်ခဲ့တာ...ဝှီးချဲတွန်းပေးမယ့် အလုပ်သမားတွေ သူနာပြုတွေ ရှိပေမဲ့လည်း ဝှီးချဲနဲ့ မသွားချင်ပြန်ဘူး...သမီးနဲ့
သမက္ ကလည်း အလုပ်ရှုပ်နေကြတော့ ကိုယ့်ကိုကိုယ် အသုံးမကျတဲ့ လူပိုတစ်ယောက်လိုခံစားလာရတယ်...တစ်ဦးတည်းသောမြေးလေးကလည်း ရေခြားမြေခြားမှာမို့.. ဖွားလေ...ကော်ရစ်တာရဲ့သံပန်းကနေ ပန်းခြံကို ဒီတိုင်း ငေးကြည့်နေခဲ့ရတာ"

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now