(7)Zawgyicode

2.1K 79 0
                                    

"တောက်ခ်! "

ရိပေါ်  လုံးဝမကျေနပ်ဘူး။ ပါးက ဘာဖြစ်လို့များ ရှောင်းကျန့်ကို ရိပေါ်လက်ထောက်အဖြစ် ခန့်ချင်နေမှန်း စဉ်းစားလို့ကိုမရဘူး။ သာမန်ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်က စာရင်းကိုင်နဲ့ ဘဏ္ဍာရေးပိုင်းကိုမကျွမ်းကျင်ဘဲ CEO assistant တာဝန်ကို ဘယ်လိုများယူနိုင်မှာတဲ့လဲ။နောက်ပြီး အစည်းအဝေးတွေ၊ အပွိုင့်မန့်တွေ နဲ့ သတင်းစာရှင်းလင်းပွဲ ဘာညာ အဲ့ဒါတွေ
ကိုရော ရှောင်းကျန့်က နားလည်မှာတဲ့လား။

ဘာတဲ့... ရိပေါ်ကပဲ သင်ပေးပြီးတွဲခေါ်ပါဆိုပဲ။ ပြောတော့သာလွယ်တာ။ ရိပေါ်သာ အစအဆုံးသင်ပေးနေရရင် ဘယ်လိုများအလုပ်က ရှေ့ဆက်နိုင်ပါတော့မလဲ။ ပါးက လုပ်ငန်းကြီးလုပ်နေပြီး မသိတာလည်းမဟုတ်။ ရှောင်းကျန့်ကို နေရာပေးချင်မှန်းသိသာလွန်းနေတယ်။ဒါပေမဲ့ ပေးတဲ့နေရာက အကြီးကြီးမှားနေပြီ။

ကဲ...ရိပေါ်သာ အချိန်ယူပြီး တွဲခေါ်ပေးတယ်ထားအုံး။ ဒီလိုသာဆို အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်တွေ ဘာလုပ်တယ် ၊ ဘာအစီအစဉ်ရှိတယ်ဆိုတာကို ရှောင်းကျန့်ကအသေးစိတ်သိနေတော့မှာလေ။လုပ်ငန်းအချက်အလက်တွေလည်း ပေါက်ကြားရင်ပေါက်ကြားသွားနိုင်တယ်။ ကျစ်! ပါးက ဘုမသိဘမသိနဲ့ ရှောင်းကျန့်လှုပ်ရှားရ ပိုလွယ်ကူအောင် တွန်းပို့ပေးနေတာပဲ။

ရိပေါ်သာ တဖျစ်တောက်တောက်နဲ့ဒေါသူပုန်ထနေရပေမဲ့ ပါးကတော့ ရိပေါ်
ကိုပြောပြီးတာနဲ့ အခန်းထဲဝင်သွားတော့တာပဲ။ရိပေါ်လည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ခြံထဲဆင်းလာပြန်တော့ တစ်ဖက်လှည့်နဲ့ အမျိုးမျိုးစိတ်ဒုက္ခပေးတတ်လွန်းတဲ့ ရှောင်းကျန့်က ဖွားဖွားကို စာအုပ်ဖတ်ပြနေတာတွေ့လိုက်ရတယ်။

ညနေခင်းနေရောင်ခြည်ကဖျော့တော့စ
ပြုနေပြီပဲဖြစ်တယ်။ ရှောင်းကျန့်ရဲ့အသံရှင်းရှင်းကြည်ကြည်က ခပ်မှန်မှန်ထွက်
ပေါ်လို့နေတယ်။ ဖွားဖွားက မျက်လုံးလေး မှေးစင်းလို့ နားထောင်ရင်း ပြုံးနေပြန်သေးရဲ့။ ရွှေရောင်မျက္မှန်ကို တစ်ချက်တစ်ချက်ပင့်တင်လိုက်တဲ့ လက်ချောင်းသွယ်တွေက တစ်ချိန်ချိန်မှာ ဝမ်မိသားစုကို ကြိုးဆွဲချုပ်ကိုင်မယ့်လက်တွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်တာပဲလို့ တွေးမိတဲ့အခါ  ရိပေါ် ရင်ထဲ အောင့်မျက်သွားရတာတော့အမှန်ပါပဲ။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Där berättelser lever. Upptäck nu