အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။

Start from the beginning
                                    

ခဏတာ ရေစိမ်နေပြီးနောက် မမျှော်လင့်ဘဲ ကြာခန်းမဆောင်မှ အစေခံသည် တံခါးကိုဖွင့်လာပြီး သူ့အတွက် တောက်ပြောင်သော ပိတ်စတစ်ထည်ကို ထုတ်ပေးလာသည်။

"သခင်လေး.. ကျေးဇူးပြုပြီး ရေချိုးကန်ဆီ လိုက်ခဲ့ပါ"

ကုဖေးတိ "......"

မိစ္ဆာဂိုဏ်းမှ ရေလေးတစ်ခါချိုးဖို့က ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။

ကံကောင်းထောက်မစွာ ရေချိုးကန်သည် အ၀တ်လဲခန်း၏ အခြားတစ်ဖက်၌ဖြစ်ပြီး သိပ်မဝေးကွာလှပေ။ ကုဖေးတိသည် ပိတ်စကို ခါး၌တင်းတင်းကျပ်ကျပ် ပတ်လိုက်ပြီး ခြေလှမ်း အနည်းငယ်လှမ်းကာ ထောင့်ချိုးလိုက်သည်။ ရေချိုးခန်း၏ မြင်ကွင်းအပြည့်အစုံသည် သူ့မျက်လုံးရှေ့၌ ပေါ်လွင်လာလေ၏။

ကြာခန်းမဆောင်မှ အစေခံသည် နောက်ပြန်ဆုတ် သွားပြီး ရေချိုးခန်းတံခါးကို တိတ်တဆိတ် ပိတ်လိုက်သည်။

ဤအခန်းသည် ရေချိုးရန်နေရာအမှန်ဖြစ်သည်မှာ ထင်ရှားသည်။ ရေချိုးကန်သည် ခုနစ်ပေပတ်လည် စတုရန်းပုံသဏ္ဍာန်ဖြစ်ပြီး အတိမ်အနက်ကိုတော့ မသိရပေ။ ပူနွေးသော ရေခိုးရေငွေ့များသည် အခန်းထောင့်တိုင်းသို့ မွှေးကြိုင်သင့်ပျံ့သော ပန်းရနံ့များ သယ်ဆောင်လာသည်။

ရေမျက်နှာပြင်ကို သဘာဝအတိုင်း ပန်းပွင့်ချပ်များဖြင့် ဖုံးအုပ်ထားသည်။ ကုဖေးတိသည် သူ့ခါးမှ ပိတ်စကို ဖယ်ရှားလိုက်ပြီး ရေထဲသို့ဆင်းရန် ရေကန်အနားသို့ လျှောက်သွားလိုက်၏။

ထိုအခိုက်အတန့်တွင် ကိုယ်လုံးတီးပုံရိပ်တစ်ခုသည် ရေအောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့မျက်နှာသူ ပွတ်သုတ်လိုက်သည်။

"ကောင်းလိုက်တာ!"

ကုဖေးတိသည် ချက်ချင်းပင် နေရာ၌ အေးခဲသွား၏။

စုယန် မျက်လုံးဖွင့်လိုက်သည်နှင့် ရေထဲသို့ လေးလံသော အမည်မသိအရာဝတ္ထုကြီး ပြုတ်ကျလာပြီး ရေလှိုင်းလုံးများက သူ့မျက်နှာကို ဖျန်းခနဲ ရိုက်ခတ်သွားသည်။

သူ ဒေါသတကြီး ကြည့်လိုက်ရာ ကုဖေးတိက ရေကန်ထောင့်၌ တိုးကပ်နေပြီး ခေါင်းလေးသာ ဖော်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် သူ့ရှေ့ရှိ ပန်းပွင့်များကို အလျင်အမြန် စုဆောင်းကာ သူကိုယ်သူ ဖုံးကွယ်ရန် ကြိုးစားနေလေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now