အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။

Start from the beginning
                                    

ခရီးရှည်ကြီးတစ်ခုပြီးနောက် ရေနွေးနွေးဖြင့် ရေချိုးရခြင်းသည် ဘယ်အရာနှင့်မှ နှိုင်းယှဉ်လို့ မရအောင် သက်တောင့်သက်သာရှိပေသည်။

ထို့အပြင် ကြာခန်းမဆောင်မှ အစေခံသည် သူ၏ဦးရေပြားကို နှိပ်နယ်ပေးပြီး ခေါင်းလျှော်ပေး သေးသည်။ မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်၏ဘဝသည် ရိုးရှင်းပြီး ပြီးပြည့်စုံလှပေသည်။

တစ်ချိန်တည်းမှာပင် မျက်ဝန်းကျွန်းဆွယ်ရှိ သခင်ငယ်၏ ဘေးခန်း၌။

ကြာခန်းမဆောင်မှ အစေခံတစ်ဦးက တံခါးခေါက်လာသည်။

"ကုသခင်လေး... သခင်ငယ်လေးက ကျွန်တော်တို့ကို ရေပြင်ခိုင်းထားပါတယ်။ ရေချိုးလို့ ရပါပြီ"

ကုဖေးတိသည် ခရီးဆောင်အိတ်မပါဘဲ စုယန်မှ ဆွဲခေါ်လာခြင်းခံခဲ့ရသည်။ အစောပိုင်းတွင် သူ့၏ဓားနှင့် ဓားမြှောင်ကိုလည်း မိစ္ဆာဂိုဏ်း၏ ပန်းလက်ထောက်က လုယူသွားခဲ့၏။

စုယန်က သူရေချိုးရန်အတွက် စီစဉ်ခိုင်းထားသည်ကို ကြားသောအခါ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"အဝတ်အစားရှိရဲ့လား"

ကြာခန်းမဆောင်မှ အစေခံကဆိုသည်။

"စိတ်မပူပါနဲ့ ကုသခင်လေး.. အဝတ်အစားတွေ ပြင်ဆင်ပြီးပါပြီ"

ကုဖေးတိက ခေါင်းညိတ်လိုက်ပြီး အစေခံကို လမ်းပြခိုင်းလိုက်သည်။

သူတို့သည် ရေချိုးခန်း၏ အဝတ်လဲခန်းဆီသို့ ဦးတည် လာခဲ့ကြ၏။ ရေချိုးခန်းထဲ၌ ကန်ငယ်လေး တစ်ကန်ရှိသည်။ ထိုကန်ထဲရှိ ရေသည် ပူနွေးပြီး ပန်းပွင့်များနှင့် ဆေးဖက်ဝင် အပင်မျိုးစုံပါ၀င်ကာ သင်းပျံ့သောမွှေးရနံ့ကို ပေးစွမ်းနေလေသည်။

သိုင်းလောက၏ ကောလဟာလများအတိုင်း မိစ္ဆာဂိုဏ်းသည် ပျော်ပါးခြင်းနှင့်ဇိမ်ခံခြင်း၏ ပြယုဒ်ဖြစ်ပေသည်။ ထို့ကြောင့် ကုဖေးတိသည် ကန်ထဲရှိပန်းပွင့်များကို အချိန်အကြာကြီး မအံ့သြမိပေ။

သူသည် ကြာခန်းမဆောင်မှ အစေခံကို ထွက်သွားခိုင်း လိုက်၏။ သူ၏လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ရာ အဆင်ပြေကြောင်း တွေ့လိုက်ရသည်။ ပြီးနောက် သူသည် အဝတ်အစားချွတ်ပြီး ရေထဲသို့ ခုန်ချလိုက်တော့၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now