"ကိုယ်ပြောချင်တာက၊ ကိုယ်အခု မင်းတို့နှစ်ယောက်ကို ခွဲလို့ရပြီလို့"
(T/N : ချိယွီနဲ့ မူလချိယွီကိုခွဲနိုင်ပြီလို့ပြောတာပါ။)
ဟယ်ကျိုးက ချောင်းဟန့်လိုက်ကာပြောလာခဲ့တယ်။
"မင်း‌ဆိုလိုတာကို ကိုယ်နားလည်တယ်။ မင်းနေခဲ့တဲ့ ကမ္ဘာမှာ ယောက်ျား၊မိန်းမ နှစ်မျိုးဘဲရှိတယ်။ AOB နဲ့မသက်ဆိုင်ဘူး၊ ယောက်ျားတွေက ကလေးမရနိုင်ဘူး၊မိန်းမတွေဘဲရနိုင်တယ်"
"ဆိုတော့?"
"ယော်ကျားချင်းကြိုက်ရင်၊ လူ့အဖွဲ့အစည်းက လက်မခံ၊အသိအမှတ်မပြုပေးတဲ့ လိင်တူချစ်သူ(ဂေး)လို့ ခေါ်ကြတယ်။ ယေဘုယျအားဖြင့်ဆိုရင် ယောက်ျားနဲ့ မိန်းမကဘဲ လိုက်ဖက်ကြတယ်"
"ဟမ်၊ပြီးတော့ရော?"
ဟယ်ကျိုးက မျက်လွှာပင့်လိုက်ကာ၊ ချိယွီရဲ့ မျက်ဝန်းထဲကိုစိုက်ကြည့်လိုက်ပြီး : "မင်းရဲ့ ခန္ဓာကိုယ်က အခုomegaဖြစ်နေပေမယ့်လို့၊ မင်းကိုယ်မင်း ယောက်ျားလေးလို့ မှတ်ယူထားဆဲပေါ့။ ပြီးတော့ မင်းတွေးတဲ့နည်းကလဲ အရင်ကမ္ဘာကအကျိုးသက်ရောက်မှုတွေကြောင့်ဖြစ်ပြီး ဒီကမ္ဘာနဲ့ကွာခြားတယ်"
ချိယွီက ထပ်ပြီးသက်ပြင်းချလိုက်တယ်။ "ဒီတော့ မင်းငါ့ကိုဘာပြောချင်တာလဲ?"
"ကိုယ်ပြောချင်တာက မင်းက ဒီကမ္ဘာသစ်ထဲကို Omega တစ်ယောက်အဖြစ် ကူးပြောင်းလာပြီးကတည်းက၊ မင်းက ဒီကမ္ဘာရဲ့စည်းမျဉ်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေသင့်ပြီး ယောက်ျားတွေကို မငြင်းဆန်သင့်ဘူးလေ"
ချိယွီ တိတ်ဆိတ်နေတာကိုမြင်တော့ ဟယ်ကျိုးက "ဒီကမ္ဘာမှာဂေး ရယ်လို့တော့မရှိပါဘူး။ Alpha နဲ့ Alpha လည်း အတူနေနိုင်ပေမယ့် အတော်လေးတော့ရှားတယ်‌ပြောရမယ်။ ယောက်ျားလေးအချင်းချင်းနဲ့မိန်းကလေးအချင်းချင်းပါ တွဲလို့ရတယ်။ပြီးတော့-"
"ဒါဆိုလဲ၊ငါနဲ့ ညီအစ်ကိုကောင်းတွေဖြစ်ကြတာပေါ့" ချိယွီက ဟယ်ကျိုးစကားကိုဖြတ်ပြီးပြောလာခဲ့တယ်။
ဟယ်ကျိုး ရပ်တန့်သွားခဲ့ပြီး၊ သူ့မျက်နှာဟာလည်း အပြာရောင်သို့ ကူးပြောင်းသွားခဲ့တော့တယ်။