ခပ်ဝေးဝေးသို့ဆုတ်ခွာလိုက်ပြီးနောက်တစ်ရုပ်တည်းတူညီနေသည့်လူနှစ်ယောက်ကိုနားမလည်နိုင်သည့်မျက်လုံးနက်လေးတွေနဲ့ကြည့်လိုက်မိသည်။

"ခင်ဗျားတို့ကနှစ်ယောက်တောင်...."

တံတွေးတစ်ချက်မျိုချလိုက်ပြီးနောက်တွင်ရှောင်ကျန့်ဟာချင်းယွမ်မူကိုဖြေရှင်းချက်တစ်ခုလောက်ရလိုရငြားကြည့်လိုက်မိသည်။

ချင်းယွမ်အန်းကလှပသည့်အပြုံးလေးတစ်ခုကိုဖော်ပြလိုက်ပြီးရှောင်ကျန့်အနားတိုးကပ်လာကာသူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

"ကိုယ့်နာမည်ကချင်းယွမ်အန်း.....ချင်းယွမ်မူရဲ့အမွှာအစ်ကိုပါ...."

ရှောင်ကျန့်ဟာအလွန်အံ့ဩသွားသည်။ချင်းယွမ်မူတွင်အမွှာအစ်ကိုတစ်ယောက်ရှိမှန်းသူတကယ်မသိခဲ့ချေ။

"ေတွ့...တွေ့ရတာဝမ်းသာပါတယ်....ကျွန်တော်ကဖူလင်းပါ"

"ဖူလင်း...."

ချင်းယွမ်အန်း၏အစိမ်းရောင်ဖီးနစ်သဏ္ဍာန်မျက်လုံးတွေမှာမှေးကျဥ်းသွားပေမယ့်ဘာမှတော့ဆိုမလာပေ။

ကြည့်ရတာမနေ့ဖြစ်ပျက်သမျှတွေအားလုံးတစ်ခုမှမမှတ်မိဘူးထင်သည်။ပြီးတော့'ရေှာင်ကျန့်'ဆိုတဲ့နာမည်.....

ချင်းယွမ်အန်းကလှပစွာပြုံးရယ်လာပြီးရှောင်ကျန့်ရဲ့မျက်နှာနားလေးကိုခန္ဓာကိုယ်ကိုင်း၍နူးနူးညံ့ညံ့စိုက်ကြည့်လာသည်။

"ရေသူဘုရင်ဖူလင်းလား"

ရှောင်ကျန့်အနည်းငယ်လန့်ဖြန့်သွားသည်။သူမျက်တောင်နှစ်ချက်ဆတ်တိုက်ခတ်လိုက်မိ၏။ချင်းယွမ်မူကိုကြည့်လိုက်တော့လည်းအံ့ဩနေဟန်မရပဲအစကတည်းကသိနေဟန်ရသည်။မူလဘဝတုန်းကဝမ်ရိပေါ်ကသူ့ရဲ့အမြှီးကိုးချောင်းမြေခွေးပုံစံအစစ်လိုအလွယ်တကူဖောက်မြင်နိုင်သကဲ့သို့ယခုတစ်ခေါက်တွင်လည်းသူ့ရဲ့အစစ်အမှန်ပုံစံကိုဖောက်မြင်နိုင်သည်မှာအံ့ဩစရာတော့မရှိပေ။

ရှောင်ကျန့်ဟာသူ့မျက်လုံးနဲ့တစ်တန်းတဲ့ရှိနေသောချင်းယွမ်အန်း၏အစိမ်းရောင်မျက်လုံးကိုကြည့်ရင်းဖြင့်သူ့နှလုံးခုန်နှုန်းမှာပုံမှန်ထက်မြန်ဆန်လာပြီးမျက်နှာလေးမှာနီရဲတွတ်သွားသည်။

system 091 Waar verhalen tot leven komen. Ontdek het nu