အမှန်တကယ်တော့ရှောင်ကျန့်ကတစ်ခြားသူတွေခံစားနေရတဲ့ဖိအားကိုသတိတောင်မထားမိပါချေ။သူသိတာကဒီဖိအားဆိုတဲ့အရာမှာသူ့ကိုအိပ်ချင်လာအောင်နူးနူးညံ့ညံ့ချော့သိပ်နေသကဲ့သို့သာခံစားမိနေသည်။

သက်တောင့်သက်သာရှိလွန်းလို့ဒီနေရာမှာတင်လှဲချပြီးအိပ်ချပစ်လိုက်ချင်တယ်......

နောက်ထပ်သုံးနာရီကျော်လောက်စောင့်ဆိုင်းပြီးနောက်တွင်ကျန်ရစ်သောစွမ်းအားမြင့်ကျင့်ကြံသူတိုင်း၏ကျောပြင်ထက်တွင်ချွေးစေးတွေကျဆင်းလာသည်။သို့သော်လူတိုင်းကယခုနေရာမှထွက်ခွာဖို့ရန်ခေါင်းကျောမာနေကြဆဲသာဖြစ်သည်။လှိုဏ်ဂူနှင့်အနီးဆုံးနေရာတွင်ရှိနေမှသာအတားအဆီးအားနည်းသွားသည့်အခါတွင်တစ်ခြားသူတွေထက်ပိုမိုမြန်ဆန်စွာဝင်ရောက်နိုင်ပြီးတန်ဖိုးကြီးရတနာအားဦးစွာရရှိနိုင်ပေလိမ့်မည်ဟုထင်မှတ်ထားကြသည်။

ကံကောင်းစွာဖြင့်ထိုအချိန်လေး၌လှိုဏ်ဂူအတွင်းရှိအတားအဆီးမှာသိသိသာသာအားနည်းလာကြောင်းကျင့်ကြံသူတိုင်းသတိထားမိလိုက်သည်။

ဆယ့်ငါးမိနစ်လောက်ထပ်မံစောင့်ဆိုင်းပြီးနောက်တွင်ထိုအတားအဆီးမှာလုံးဝအားနည်းသွားပြီဖြစ်ကြောင်းသိလိုက်သည်။

အကုန်လုံး၏မျက်နှာမှာဝမ်းအားအားရဖြင့်ဝင်းပသွားကြသည်။

လှိုဏ်ဂူထဲရှိသီးခြားဒိုင်မေးရှင်းလုံးဝအားနည်းလာမှန်းသေချာသွားသည့်အခါတွင်သူ့လောဘသူလုံးဝမထိန်းချုပ်နိုင်တော့သည့်မော်တယ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ၎င်းလှိုဏ်ဂူအတွင်းသို့ပြေးဝင်သွားသည်။

တစ်ခြားသောစွမ်းအားမြင့်ကျင့်ကြံသူတွေဟာထိုသူအားတားဆီးခြင်းမရှိပေ။လူတိုင်းကထိုအရူးအားစမ်းသပ်ခံအနေဖြင့်စတေးရန်အလိုရှိကြသည်။

အားလုံးရဲ့အကြည့်အောက်မှာတင်၎င်းမော်တယ်အဆင့်ကျင့်ကြံသူဟာလှိုဏ်ဂူထဲဝင်လိုက်သည်နှင့်အားနည်းသောအတားအဆီးကြောင့်ပြင်းပြင်းထန်ထန်သွေးပွက်ပွက်အန်လျက်ပြန်ကန်ထွက်လာသည်။

ထို့နောက်ထိုကျင့်ကြံသူမှာပြင်းထန်လှသောသေလုနီးပါးအတွင်းဒဏ်ရာကြာင့်သတိလစ်မေ့မြောသွားသည်။

system 091 Where stories live. Discover now