အပိုင်း - (၈)

Start from the beginning
                                    

တည်တန့်တန့်လေးဖြစ်သွားပြီး တစ်ဖက်ပြန်လှည့်သွားတဲ့ လိမ္မော်ရောင်ကျူးလစ်ပန်းက ဒီအတိုင်းငေးကြည့်လေးနဲ့တင် လျှန့်ရင်ကို အေးချမ်းစေသည်။ ပိုင်သူမဆိုထားနဲ့ ဆိုင်သူတောင်မဖြစ်နိုင်သေးတဲ့ သူ့အတွက် အခွင့်အရေးကို စောင့်မျှော်နေမှာ မဟုတ်ပဲ ကိုယ်တိုင်ဖန်တီးယူမှာမို့ အတားအဆီး၊ ဆုံးရှုံးမှုတွေဆိုတာရှိလာနိုင်မယ်ဆိုရင်တောင်မှ ဒီအလှလေးကိုတော့ သူ အထိအခိုက်မခံနိုင်အောင် ချစ်မိနေပြီဆိုတာ သေချာပါသည်။ 

ဦးနှောက်ထဲရှိတဲ့ ပျော်စရာတွေနဲ့အတူ
တကယ်မြတ်နိုးရသူလေးရေ
လူဆိုတာရာနှုန်းပြည့် အပြစ်မကင်းဘူး
ကိုယ်ဟာ အရမ်းမကောင်းဘူး
ဒါပေမယ့်လည်း မင်းသာ ပြန်ချစ်ရင်
နှလုံးသားနဲ့ အသက်လည်း ကြည်ဖြူပါမယ်

သီချင်းခပ်တိုးတိုး ဆိုမိတော့ လျှန် မရိပ်မိအောင် ခပ်စောင်းစောင်းလေး ခိုးကြည့်လာတဲ့နေးကို လျှန် လှည့်မကြည့်ပေမယ့် မျက်လုံးထောင့်ကနေ မြင်နေရသည်။  ပြန်လည်အေးစက်သွားတဲ့ လေထုကိုဖြိုခွင်းဖို့ မကြိုးစားတော့ပဲ နေးကို အိမ်ပြန်ပို့ပေးဖို့သာ ဦးတည်လိုက်သည်။ နေးလက်ျာပုံစံက အနည်းငယ်နွမ်းနယ်နေပုံပေါ်နေသည်မို့။

နေး ကားမှန်အပြင်ဘက် ညရှုခင်းတွေကို ငေးကြည့်နေရင်းက အမှတ်တမဲ့နဲ့ ကားနောက်ကြည့်မှန်ကို ကြည့်မိတော့ နေးတို့နောက်ကိုလိုက်လာတဲ့ ကားအနက်တစ်စီး။ အစပိုင်းကတော့ သူ့လမ်းသူသွားနေတာပါလို့ ဂရုမစိုက်ပဲနေလိုက်ပေမယ့် အချိန်တော်တော်ကြာတဲ့အထိ နေးတို့နောက်ကိုသာ တောက်လျှောက်လိုက်လာသည်ကြောင့် ဒါက ကိုခန့်လူတွေပဲ ဖြစ်ရမယ် လို့ နေး တွေးမိသွားတယ်။ 

နေး သတိထားမိသလို ဒုဉက္ကဌလည်း သိနေမလား ဆိုပြီး မသိမသာလှည့်ကြည့်လိုက်ပေမယ့် ဘာမှရိပ်မိပုံမရတဲ့ ဒုဉက္ကဌက သီချင်းတိုးတိုးသာ ညည်းလို့နေသည်။ ဖြတ်ခနဲပေါ်လာတဲ့အတွေးနဲ့အတူ ကိုခန့်ကိုအရွဲ့တိုက်ဖို့ နေး စိတ်ကူးရသွားသည်။ ဒုဉက္ကဌကို အသုံးချဖို့ရည်ရွယ်တာမျိုး မဟုတ်ပေမယ့်လည်း အခုချိန်မှာ နေးအနားမှာက ဒုဉက္ကဌပဲရှိနေသည်ကိုး။ 

My Beautiful SPOUSEWhere stories live. Discover now