ရေသူမျိုးနွယ်ကလွန်စွာလှပလွန်းတာမှန်ကန်သော်လည်းရေသူဘုရင်နှင့်ယှဥ်လိုက်သည့်အခါတွင်သာမန်ရွက်ကြမ်းရေကျိုးရုပ်ဟုသာထင်မှတ်မှားနိုင်သည်။

ရှောင်ကျန့်ကနေသားကျစေရန်သူ့ရဲ့ပုလ္လင်ထက်ကနေထရပ်လိုက်၍ရေထဲ၌ဟိုဘက်ဒီဘက်ကူးခတ်ကြည့်လိုက်သည်။ရေထဲတွင်နေသားကျသွားသည့်အခါတွင်ရှောင်ကျန့်ကရေသူထီးတစ်ယောက်ဖြစ်ရတာလည်းမဆိုးပါလားဟုစဥ်းစားမိသွား၏။

'အုန်းသီး....ဇာတ်လိုက်ကအခါဘယ်အခြေအနေရောက်နေပြီလဲ'

[ဇာတ်လိုက်ကလိုက်လံသတ်ဖြတ်တာခံနေရပါပြီ....အခုပင်လယ်ဘက်ကိုထွက်ပြေးနေပါတယ်host.....]

'တကယ့်ကိုအချိန်ကိုက်ပဲ'

ရှောင်ကျန့်ကကျေနပ်စွာတစ်ချက်ပြုံးလိုက်၍ခရုခွံပုံစံဆက်သွယ်ရေးကျောက်တုံးတစ်ခုကိုထုတ်ယူလိုက်သည်။

"ဖူတင်းဇီကိုလွှတ်လိုက်"

"ဟုတ်ကဲ့ပါအရှင်"

ခရုခွံတစ်ဖက်မှရိုရိုကျိုးကျိုးပြန်ဖြေလာပြီးနောက်တွင်ရှောင်ကျန့်ကကျေနပ်စွာခရုခွံကိုပြန်လည်သိမ်းဆည်းလိုက်သည်။

၎င်းခရုခွံတွေမှာပင်လယ်ထဲရှိရေမျိုးနွယ်ဝင်တွေအချင်းချင်းဆက်သွယ်ရာမှာအသုံးပြုကြသည်။ဒါကခေတ်သစ်ကဖုန်းလောက်အသုံးမဝင်ပေမယ့်ဆက်သွယ်ပြောဆိုရာတွင်အရမ်းမိုက်တာကိုတော့ဝန်ခံရမည်။

ဖူတင်းဇီဆိုသည်မှာရေသူဘုရင်ဖူလင်း၏အယုံကြည်ရဆုံးသောအနီးကပ်အကြံပေးဆိုလည်းမမှားပေ။တော်ဝင်မျိုးနွယ်ရေသူတွေ၏မျိုးရိုးနာမည်မှာဖူဟုခေါ်တွင်ကြပြီးဖူတင်းဇီကလည်းဖူလင်း၏သွေးဝေးတဲ့ဆွေမျိုးဟုဆိုနိုင်သည်။

ရှောင်ကျန့်ကပုလ္လင်ထက်ထိုင်ကလက်ထောက်၍မေးတင်လျက်စောင့်ဆိုင်းနေ၏။

[hostဘာလုပ်မလို့လဲ]

'တာဝန်အရလုပ်နေရုံလေးပါပဲ'

ရှောင်ကျန့်အကြာကြီးမစောင့်ဆိုင်းလိုက်ရပါပဲခဏအကြာတွင်ကျယ်ပြန့်ခမ်းနားလှတဲ့ရေအောက်ခန်းမကြီးအတွင်းသို့လှပတဲ့အဝါရောင်အမြှီး၊အဝါရောင်ဆံပင်ပိုင်ဆိုင်တဲ့ရေသူထီးတစ်ယောက်ဝင်ရောက်လာသည်။

system 091 Tempat cerita menjadi hidup. Temukan sekarang