ငိုလို့ဝသွားသည့်အခါမှအုန်းသီးဟာမရှိသည့်နှာခေါင်းကိုတစ်ရှုံ့ရှုံ့လုပ်ပြီးသူ့ရဲ့မူလတတ်ကြွသည့်ဟန်ပန်မှာပြန်လည်ရောက်ရှိလာသည်။

[သင်ကြားရမည့်ပညာရပ်

(1)အကပညာရပ်

(2)ဇီဝဗေဒ

(3)သီဆိုခြင်း

(4)ဒီဇိုင်နာ

(5)စက်မှုပညာရပ်

(6)သိပ္ပံပညာရပ်

(8)ဆေးပညာ

hostအနေနဲ့ကျေးဇူးပြုပြီးကူးယူ
မယ့်ပညာရပ်နှစ်မျိုးအားရွေးချယ်ပါ]

ရှောင်ကျန့်ကအသေအချာဂရုတစိုက်ကြည့်၍ဒီဇိုင်နာနဲ့ဆေးပညာရပ်ကိုရွေးချယ်လိုက်သည်။

[ပညာရပ်များကူးယူပါမည်.....
10%..30%..50%..70%..100%...
ကူးယူမှုပြီးစီးပါပြီ....]

အုန်းသီးဟာခုနကငိုယိုနေသူမှာသူမဟုတ်သကဲ့သို့ပျော်ရွှင်စွာခုန်ပေါက်၍အတော်လေးပျော်ရွှင်နေသည်။

[နောက်ကမ္ဘာသို့ကူးပြောင်းပါတော့မှာလားhost....]

"အင်း...."

[နောက်ကမ္ဘာသို့ကူးပြောင်းပါမည်.....
3..2..1..0....ဒီတစ်ခေါက်လည်းကံကောင်းပါစေနော်]

***************

ရှောင်ကျန့်သတိရလာဝင်လာတော့ပုလ္လင်တစ်ခုပေါ်တွင်ထိုင်နေကြောင်းသတိထားမိလိုက်သည်။သူ့ရဲ့ခပ်ဖွဖွပိတ်ထားသည့်မျက်လုံးကိုဖြေးညင်းစွာဖွင့်ကြည့်လိုက်သည့်အခါတွင်ပတ်ဝန်းကျင်တစ်ခုလုံးလှပစွာပြာလဲ့နေသည်။

သူ့အရှေ့ကတော်တော်ဝေးဝေးတစ်နေရာတွင်လူနှစ်ယောက်.....မဟုတ်......လွန်စွာလှပတဲ့ရေသူမနှစ်ယောက်ရိုကျိုးစွာရပ်နေသည်။

ရှောင်ကျန့်ကယခုအချိန်တွင်ထူးခြားဆန်းကျယ်ကာလှပသောရေအောက်နန်းတော်လိုတစ်နေရာ၏ပုလ္လင်ပေါ်၌ထိုင်နေခဲ့ခြင်းဖြစ်သည်။

ရှောင်ကျန့်ကသံသယဝင်စွာသူ့ခြေထောက်ကိုမသိမသာငုံ့ကြည့်လိုက်မိသည်။

တကယ်.....တကယ်ကြီးအမြှီးရှိနေတယ်ဟ......

ထိုအမြှီးမှာပြာလဲ့လဲ့အရောင်ဖြင့်လွန်စွာလှပလွန်းလှပြီးတောက်ပလွန်းတဲ့အကြေးခွံလှလှလေးတွေထက်၌ပုလဲတွေဖြင့်တန်ဆာဆင်ထားသည်။

system 091 Where stories live. Discover now