၎င်းနောက်မကောင်းဆိုးဝါးကျောင်းသူ၏ပါးစပ်အတွင်းကနေစူးရှကျယ်လောင်သည့်အသံကြီးတစ်သံမှာကြောက်စရာကောင်းစွာပေါ်ထွက်လာသည်။

ထိုအသံကြီးကြောင့်ထွက်ပြေးဖို့ရန်ဟန်ပြင်နေသည့်မိန်းကလေးနှစ်ယောက်၏ခြေထောက်တွေကချက်ချင်းပျော့ခွေသွား၏။

မကောင်းဆိုးဝါးကျောင်းသူနှင့်အနက်ရောင်မြူခိုးတွေဖြင့်'ထိုဝိဥာဥ်'မှာပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။

မကောင်းဆိုးဝါးကျောင်းသူ၏ပျော့တွဲနေသည့်ခြေထောက်တွေမှာကြမ်းပြင်ထက်သို့ဖောက်ဝင်သွားခဲ့ပြီးအနက်ရောင်မြူခိုးတွေနှင့်'ထိုဝိဥာဥ်'၏အနောက်ဘက်မြေကြီးအောက်ကနေပြန်လည်ဖောက်ထွက်လာခဲ့သည်။

ရေဘဝဲကဲ့သို့ခြေတံကြီးတွေမှာအနက်ရောင်မြူခိုးတွေနဲ့'ထိုဝိဥာဥ်'အားပြင်းပြင်းထန်ထန်ခြည်နှောင်၍ချုပ်ကိုင်လာသည်။

'ထိုဝိဥာဥ်'၏တစ်ကိုယ်လုံးကိုရစ်ပတ်ပြီးကြမ်းပြင်ထက်သို့ကြမ်းတမ်းစွာကိုင်ပေါက်သည်။

မကောင်းဆိုးဝါးကျောင်းသူ၏ခြေထောက်နှစ်ဖက်မှာတစ်ဖက်ဝိဥာဥ်ကိုထိန်းချုပ်ထားစဥ်တွင်ကျန်သည့်လက်နှစ်ဖက်ကတော့ရှည်ထွက်လာပြီးမလှုပ်ရှားနိုင်ဖြစ်နေသည့်ချင်ဖေးဖေးနဲ့ဝေဝေတို့ဆီဦးတည်လာသည်။

သို့ပေမယ့်အနက်ရောင်မြူခိုးတွေနဲ့'ထိုဝိဥာဥ်'ကဤသို့လုံးဝအဖြစ်မခံခဲ့ပါချေ။

'ထိုဝိဥာဥ်'၏ဘေးပတ်ပတ်လည်မှာရှိနေတဲ့အနက်ရောင်မြူခိုးတွေမှာရွေ့လျားလာခဲ့ပြီးမိန်းကလေးနှစ်ယောက်ထံဦးတည်နေသောလက်ကြီးနှစ်ဖက်အားတားဆီးလာသည်။

မကောင်းဆိုဝါးနှစ်ကောင်၏တိုက်ပွဲမှာပြင်းထန်သထက်ပြင်းထန်လာသည်။

"ယားးးးးးးးးးးး"

ရုတ်တရက်ကျယ်လောင်သည့်အော်သံနှင့်အတူဘယ်နေရာကနေထွက်လာမှန်းမသိသည့်ပိုင်မင်ဟာပြင်းထန်စွာတိုက်ခိုက်နေသည့်မကောင်းဆိုးဝါးနှစ်ကောင်ကြားထဲအတင်းအကြပ်တိုးဝင်သွားသည်။

ချင်ဖေးဖေး : "....."

ဝေဝေ : "....."

What the fuck!!!!!

system 091 Onde histórias criam vida. Descubra agora