Chapter 61

1.9K 328 49
                                    

Unicode

Chapter 61 : သူက ဒီကို ကြွားဖို့ လာတာလား

ညစာစားချိန်တွင် လေထုအခြေအနေက သိပ်မဆိုးပေ။

လုံရှောင်ယွမ်က ရှီငတ်ပြတ်ပြီးသေသွားမည်ကို စိုးရိမ်လျက် အစားအသောက်တို့ကို အဆက်မပြတ်ထည့်ပေးခဲ့သည်။

ရှီက ခံစားချက်မဲ့သောမျက်နှာသေကို ဆင်မြန်းထားသော်လည်း ထိုအရာတို့ကို စားလိုက်သည်။

လုံရှောင်ယွမ် ဤသည်ကိုမြင်ပြီးမှပင် အတော်ကြီး စိတ်သက်သာရာရသွားတော့သည်။

ညစာစားပြီးနောက် နို့ထိန်းသည်က မင်းသားငယ်လေးလုံဟွမ်ကို ခေါ်ဆောင်လာသည်။

လုံဟွမ်က ခုနှစ်လသားရှိပြီဖြစ်သည်။
သူက အခြားလူတို့၏အကူအညီဖြင့် ခြေလှမ်းအနည်းငယ်လျှောက်ရန် သင်ယူပြီးနေပြီ။သူက အတတ်မြန်သူဖြစ်သော်လည်း သေချာသည်က သူ့သာသာလမ်းလျှောက်ရန်မူ မစွမ်းသာသေးပေ။

လုံရှောင်ယွမ်က နို့ထိန်းသည်ဆီမှ မင်းသားငယ်လေးကိုခေါ်လိုက်ပြီး သူ(မ)က မိသားစုသုံးယောက်သားကို အတွင်းခန်းထဲတွင်ထားခဲ့ကာ သိတတ်စွာ ပြန်ဆုတ်ခွာသွားသည်။

"ချင်ကျိုး သူ့ကိုခေါ်လိုက်ဦး အသေးလေးကမင်းကို တအားလွမ်းနေတာ"
လုံရှောင်ယွမ်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

ရှီက သူ့သားအဖြစ်မှတ်ယူထားပြီးဖြစ်တဲ့ လုံဟွမ်အတွက် အပြစ်ရှိစိတ်ဖြစ်သွားသည်။

အရေးကြီးဆုံးမှာ မင်းသားငယ်လေးသည် မွေးကတည်းက ရှီနှင့်အတူရှိနေခဲ့သည်။ယခု လအတော်ကြာ သူ့ကိုချန်ထားခဲ့ရပြီးနောက် ရှီသည်လည်း မင်းသားငယ်လေးကို သေချာပေါက် လွမ်းနေခဲ့သည်။

ထို့ကြောင့် ရှီသည် မင်းသားငယ်လေးဆီသို့ လက်မောင်းတို့ကို ဖြန့်လိုက်သည်။

မင်းသားငယ်လေးက မှတ်ဉာဏ်မရှိသေးသောကြောင့် သူ့ကိုခေါ်ခွင့်မပေးလောက်ဘူးဟု ရှီထင်ထားသည်။

သူ့ကိုအံ့အားသင့်သွားစေသည်မှာ မင်းသားငယ်လေးက တခစ်ခစ်ရယ်လျက် လက်တို့ကို သူ့ထံဆန့်တန်းလာလေသည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin