Chapter 52.2

2.2K 394 24
                                    

Chapter 52.2 - အရာအားလုံး မပြည့်စုံခြင်း

"မင်း မင်းရဲ့အဖေနဲ့အတူ စစ်မြေပြင်ကို သွားချင်သလား"

ရှီချင်ကျိုးက ထပ်မံ၍ သတိလက်လွတ်ဖြစ်သွားပြီး အပြုံးတစ်ပွင့်ဆင်လျက် လုံရှောင်ယွမ်ကို မျက်လုံးချင်းဆုံကာ ကြည့်လိုက်သည်။

"ဒါမျိုး ဘယ်လိုလုပ်....ကျွန်တော်က ဘယ်လိုဖြစ်နိုင်...."

"ရတာပေါ့ ၊ မင်း လုပ်လို့ရမှာပါ"
လုံရှောင်ယွမ်က သူ့ကို ကြားဖြတ်ပြောလိုက်သည်။

ရှီချင်ကျိုးက ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး အချိန်အတော်ကြာပြီးနောက်မှ ညင်သာစွာ ပြောလာသည်။

"မဖြစ်နိုင်ပါဘူး..."

လုံရှောင်ယွမ်က နှုတ်ခမ်းကို တွန့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"အရာအားလုံး ဖြစ်နိုင်ပါတယ်"

ရှီချင်ကျိုးက ရုတ်တရက် ခေါင်းမော့ကာ လုံရှောင်ယွမ်ကို မယုံနိုင်စွာကြည့်လိုက်သည်။

လုံရှောင်ယွမ်က ပြုံးကာ ပြောသည်။

"မင်းအတွက်တော့ တော်ဝင်နန်းတော်က လှောင်အိမ်တစ်ခုပဲ မဟုတ်လား"

ရှီချင်ကျိုး၏နှလုံးသားလေးမှာ တုန်ခါသွားပြီး သူ ငြင်းဆိုလိုက်ချင်သော်လည်း အသံကျယ်ကျယ် မပြောနိုင်ပေ။

လုံရှောင်ယွမ်က ရယ်မောကာ ပြောသည်။

"မြောက်ပိုင်းသားလူရိုင်းတွေက ဒီတစ်ကြိမ် ထူးထူးဆန်းဆန်း ပြုမူနေကြတာ ၊ ပြီးတော့ ကိုယ်တော်တို့ဆီ ကျူးကျော်ဝင်ရောက်ဖို့ သူတို့ရဲ့ ရည်ရွယ်ချက်ကို အကြိမ်ကြိမ်ပြပြီးပြီ။ကိုယ်တော်တို့ သူတို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး၊ မဟုတ်ရင် ကိုယ်တော်တို့ကပဲ အားနည်းလွန်းနေသလိုမျိုး ခံစားရတယ်"

ရှီချင်ကျိုးက နှုတ်ခမ်းတို့ကို တိတ်တဆိတ် ဖိလိုက်သည်။

လုံရှောင်ယွမ်က ဆက်ပြောသည်။

"ဧကရာဇ်က စစ်မြေပြင်ကို သွားလို့မရဘူး၊ ဒါပေမဲ့ ကိုယ်တော့်ဧကရီက ကိုယ်တော့်ကိုယ်စား စစ်မြေပြင်ကို သွားလို့ရနိုင်တယ်။ကိုယ်တော်ရဲ့အဘိုး(အဘိုး၏အဖေ) လက်ထက်က ဧကရီဝမ်ယွမ်က သာဓကတစ်ခုပဲလေ မဟုတ်ဘူးလား။ကိုယ်တော် မင်းကို ဒုစစ်သူကြီးဝမ်ယွမ် ဖြစ်စေချင်တယ်လို့ ပြောဖူးတယ်၊ကိုယ်တော် တကယ်ပြောတာပါ၊ပြီးတော့ ဒါက အခွင့်ကောင်းပဲလေ..."

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now