Chapter 1: သူပြန်မွေးဖွားလာခြင်းရဲ့ အကြောင်းအရင်းကဘာလဲ

11.5K 1K 26
                                    

Unicode
လုံရှောင်ယွမ်သည် ကမ္ဘာပေါ်တွင် စုစုပေါင်းနှစ်ဆယ့်ခြောက်နှစ်တာမျှ အသက်ရှင်နေထိုင်ခဲ့ရသည်။ သူသည် နှလုံးရောဂါပြင်းပြင်းထန်ထန် ခံစားခဲ့ရသောကြောင့်
အသက်ဆယ့်ခြောက်နှစ်မှ နှစ်ဆယ့်ခြောက်နှစ်အထိ တစ်နှစ်တွင် ရက်ပေါင်းနှစ်ရာနီးနီးပင် အိပ်ရာထဲ၌သာ ကုန်ဆုံးခဲ့ရလေသည်။
ထိုသို့ဖြစ်ပေငြားလည်း သူသည် အတန်အသင့်တော့ အကောင်းမြင်စိတ်ရှိခဲ့ရှာလေသည်။

အသက်ကိုးနှစ်အရွယ်တွင် သူဆယ့်ခြောက်နှစ်ပြည့်လျှင် သေဆုံးရမည်ကို သိခဲ့ရသည်။ထိုအချိန်၌ သူသည် ကမ္ဘာကြီး၏ထင်ရှားကျော်ကြားသောတောင်တန်းများနှင့် မြစ်ချောင်းများကို ဆေးကုသမှုခံယူနေစဥ်အတွင်း ခံစားကြည့်ရှုလိုခဲ့သည်။သနားစရာကောင်းသည်မှာ သူ၏ မကျန်းမာသောကိုယ်ကြောင့် နေရာအနည်းငယ်သာရောက်ဖူးခဲ့ပေသည်။

ဘုတ်အဖွဲ့၏ဥက္ကဌဖြစ်သူ မိခင်၊ ဒုဥက္ကဌဖြစ်သူ ဖခင်နှင့် သူ့ထက်သုံးနှစ်ငယ်သောညီလေးအား သူ့အတွက်စိုးရိမ်ပူပန်နေမှုများရပ်တန့်စေရန်အလို့ငှာ သူသည် သိုးငယ်လေးကဲ့သို့ပင် နာခံလိုက်နာပေးခဲ့ရသည်။

သူအောင်အောင်မြင်မြင်ဖြင့် အသက်နှစ်ဆယ်ပြည့်သွားသောအခါ သူ၏မိသားစုဝင်များသည် သူ့အား စေ့စပ်ကြောင်းလမ်းမှုကိုပင် လုပ်ပေးချင်ခဲ့သေးသည်။

သို့သော် သူထိုအရာကို ငြင်းပယ်ခဲ့လိုက်သည်။တကယ့်ကိုဟာသဖြစ်ခဲ့သည်ပင်။အသက်နှစ်ဆယ်သာရှိသေးသော်လည်း သူသည်မိန်းကလေးများအား စိတ်မဝင်စားကြောင်း ခံစားမိခဲ့သည်။အခြားတစ်မျိုးအပေါ်စိတ်ဝင်စားခြင်းရှိမရှိလည်း မသေချာခဲ့ချေ။သို့သော် သူသည် အလားအလာရှိသောမိန်းကလေးကို နှောင့်နှေးကြန့်ကြာအောင် မလုပ်ချင်ခဲ့ပေ။ထို့အပြင် သူ၏နာမကျန်းမှုကြောင့် အချစ်ကိုမတောင့်တခဲ့မိသည်မှာ သေချာသလောက်ပင်။

သူသည် အိမ်၌ပျင်းရိငြီးငွေ့လာသည့်နောက်တွင် ကမ္ဘာကျော်စာအုပ်များ၊ *တရုတ်နိုင်ငံ၏မဟာဂန္ထဝင်ဝတ္ထုလေးပါးနှင့် ကျော်ကြားသော စိတ်ကူးယဥ်ဆန်ဆန် သဘာဝလွန်စာအုပ်အချို့အပါအဝင် ဝတ္ထုအမျိုးမျိုးကိုစတင်ဖတ်ရှုခဲ့သည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant