Chapter 33

3.4K 624 40
                                    

Unicode

Chapter 33 : အချိန်သုံးလ ကုန်လွန်ခါနီးပြီ

"ရှီစစ်သူကြီး၊ ဒီရက်တွေမှာ အလုပ်ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုံရှောင်ယွမ်က သူ၏ယောက္ခမကိုမြင်သောအခါ မဆိုင်းမတွပင် ပြောလိုက်လေသည်။

"အရှင်မင်းကြီး ၊ ကျွန်တော်မျိုး ရှက်ရွံ့မိပါတယ်"
ရှီချင်ရှန်းက ချက်ချင်း ပြန်ပြောလေသည်။

လုံရှောင်ယွမ်က ရှီချင်ရှန်းကို ထူပေးပြီး ပြောလိုက်သည်။
"ရှီအမတ်ကြီး၊ ကိုယ်တော်နဲ့အတူ တရားရုံးတော်မှာ ကိစ္စတွေ ဆောင်ရွက်ပေးပါဦး"

တစ်နာရီကြာပြီးနောက် ရှီချင်ရှန်းထွက်သွားသောအခါ သူ တော်ဝင်စာကြည့်ဆောင်မှ ထွက်လာပြီး ချန်ခွင်းနန်းဆောင်သို့ ဦးတည်လိုက်သည်။

"ချင်ကျိုး.."

လုံရှောင်ယွမ် ထိုနေရာသို့ရောက်သွားချိန်တွင် ရှီချင်ကျိုးက ပန်းချီဆွဲနေသည်။လုံရှောင်ယွမ်က ပန်းချီဆွဲချိန်တွင် စောင့်ကြည့်ရခြင်းကို နှစ်သက်မြတ်နိုးသည်။

'ရှီချင်ကျိုးဆွဲတဲ့ပန်းချီတွေရဲ့ ရသခံစားမှုက
အဖော်မဲ့အထီးကျန်တာ၊ အလှရသပြည့်ဝတာတွေမဟုတ်ဘဲ....အာ....ဘယ်လိုပြောရမလဲကွာ....မျှဝေခံစားလို့ရတယ်'

'ရှီချင်ကျိုးဆွဲတဲ့ တောင်တွေနဲ့မြစ်တွေရဲ့ပုံက အခြားသူတွေကို အဲဒီနေရာမှာ ရပ်နေရသလို ဖြစ်စေတယ်။ဟုတ်တာပေါ့ ဒါက ခံစားရတာလေ'

ရှီချင်ကျိုးက နောက်ဆုံးစုတ်ချက်ပြီးသွားသောအခါ ရပ်တန့်လိုက်သည်။

"ပြန်လာပြီလား.."

"ဟုတ်တယ်"
လုံရှောင်ယွမ်က အနားတိုးသွားပြီး အနောက်မှနေ၍ ရှီချင်ကျိုး၏ခါးကို ဖက်ထားလိုက်သည်။

ရှီချင်ကျိုးက သူ၏ခါးကိုပတ်ထားသော လက်တို့ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"အရှင် တကယ်ပဲ....အဲ့ဒီဓားပြတွေကို ကျွန်တော့်အဖေလက်ထဲ လွှဲလိုက်တာလား။သူ ကောင်းကောင်း မကိုင်တွယ်နိုင်မှာ မစိုးရိမ်ဘူးလား"

"ဘယ်လို ဖြစ်နိုင်မှာလဲ"
လုံရှောင်ယွမ်က အံ့အားသင့်လျက် ဆက်ပြောလိုက်သည်။
"ဒီလိုကိစ္စလေးကို ဖြေရှင်းဖို့က သူ့အတွက်တော့ မပြောပလောက်ဘူး မဟုတ်လား"

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now