Chapter 11: ချင်ကျိုး မင်းရဲ့အိမ်ကို ခဏပြန်လို့ရပါတယ်

4.3K 749 12
                                    


Unicode

သူတို့ နန်းတော်အပြင်သို့ရောက်သောအခါ ရှီချင်ကျိုးက သူ၏အိမ်သို့ပြန်ချင်သည်ကို လုံရှောင်ယွမ် သိ၏။

သို့သော် သူအနေနဲ့ နန်းမြို့တော်ကို လေ့လာချင်သေးတာကြောင့်

"ချင်ကျိုး...မင်း အိမ်ကိုမရောက်တာအတော်ကြာပြီပဲ။ အခု မင်းအဖေကိုတွေ့ဖို့ ပြန်လို့ရတယ်"

ရှီချင်ကျိုးမှာ သတိလက်လွတ်ဖြစ်သွားရပြီး သူ့အားသံသယဖြင့် စိုက်ကြည့်လိုက်ကာ
" ကျွန်တော်.... သွားလို့ရတယ်...လား"

သူက အပြုံးဖြင့်ပြောလိုက်သည်။
"ဒါပေါ့ မင်း သွားလို့ရတယ်။ အပြင်ဘက်မှာ လည်ပတ်ဖို့ ကိုယ် အစက စီစဥ်ထားပေမဲ့ မင်းက အပြင်မရောက်တာ အတော်ကြာပြီဆိုတော့ မင်းရဲ့အဖေကို အရင်ဆုံးတွေ့ဖို့ ပြန်လို့ရပါတယ်"

ရှီချင်ကျိုးက ဘာမှပြန်ပြောခြင်းမရှိဘဲ အနည်းငယ် တုန်ရီသွားလေသည်။

သူက ရှီ၏ပခုံးတို့အား ဖွဖွပုတ်လိုက်ပြီး
" အရမ်းကြီးမတွေးဘဲနဲ့ ဒီတိုင်း ပြန်သွားလိုက်ပါ"

".....ကျေးဇူးအများကြီး တင်ပါတယ်"
ရှီက သူရဲ့မိဘတွေကို တကယ့်ကို တွေ့ချင်လှတာကြောင့် ဤတစ်ကြိမ်မှာတော့ လုံကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီး ထွက်သွားလိုက်တော့သည်။

"ယင်ချိုး...ချင်ကျိုးကိုကာကွယ်ဖို့ မင်းနဲ့အတူ သက်တော်စောင့်နှစ်ယောက် ခေါ်သွားလိုက်၊ ဒါပေမဲ့ မင်းတို့အနေနဲ့ ရှီစစ်သူကြီးရဲ့ အိမ်တော်ထဲတော့ ဝင်ဖို့မလိုဘူး"ဟု လုံက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟုတ်ကဲ့"
ထို့နောက်တွင် ယင်ချိုးသည် သက်တော်စောင့်နှစ်ယောက်ကို ဦးဆောင်ပြီး ရှီ၏နောက်သို့ လိုက်သွားသည်။

အချိန်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ရှီ၏မျက်လုံးတို့မှာ ညှိုးငယ်သွားသည်။
'အကျိုးဆက်အနေနဲ့ လုံရှောင်ယွမ်က သူ့ကို ပြန်ခွင့်ပေးတာ အကြောင်းပြချက်မရှိဘဲ နေပါ့မလား။ အဲ့ဒီအရိပ်သက်တော်စောင့်သုံးယောက် သူ့နောက်လိုက်လာတာကို သူအာရုံခံမိသားပဲ'

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now