Chapter 31

3.8K 640 37
                                    

Unicode

Chapter 31 : ရှီချင်ကျိုးက သူ့အတွက် အများကြီး အဓိပ္ပါယ်ရှိတယ်

နှစ်ရက်ကြာပြီးနောက် ရုံတောင်တွင်...

"တတိယခေါင်းဆောင်၊ အဲဒီအရာရှိပြောတာ မှန်တယ်ထင်လား၊မှားတယ် ထင်လား"

လူတစ်ဦးက သူ့ဘေးရှိ လူသန်ကြီးကို ချီတုံချတုံဖြင့် မေးသည်။

တတိယခေါင်းဆောင်က အနည်းငယ်မျက်မှောင်ကြုပ်လိုက်သော်လည်း ဘာမှမပြောပေ။

အခြားတစ်ဦးက : "တတိယခေါင်းဆောင်၊ကျွန်တော်ထင်တာတော့ အဲဒီအရာရှိက ဝန်အမတ်ကြီးနဲ့မတူဘဲ.....အတော်လေး ရိုးသားပုံပေါ်တယ်"

"ဟုတ်တယ်"
နောက်ထပ်တစ်ဦးက သံယောင်လိုက် ထောက်ခံ၏။
"တတိယခေါင်းဆောင်၊ တော်ဝင်ရုံးတော်က ကျွန်တော်တို့ကို အညံ့ခံဖို့ တကယ်ဆင့်ခေါ်တာလား"

"သူပြောတာက ကျွန်တော်တို့အလင်းဝင်ဖို့ အမှောင်ထုကို ကျောခိုင်းတာနဲ့ ကျွန်တော်တို့ အရင်က လုပ်ခဲ့တဲ့အမှားတွေကို ခွင့်လွတ်ပေးမယ်တဲ့။အဲဒါ အမှန်ပဲလား"

"တတိယခေါင်းဆောင်၊ အဲ့ဒါက မဟုတ်လောက်ဘူးနော်။အဲဒီအမတ်တွေက အမြဲတမ်း အပြောကသာကောင်းတာ၊ လုပ်ရပ်တွေကတော့ တခြားစီပဲ"

"မင်း ပြောတာမှန်တယ်....ငါသာ အဲ့ဒီအမတ်တွေကို အလွန်အမင်းမယုံကြည်ခဲ့ရင် ငါ ငါ့မိသားစုကို ပျက်စီးအောင် လုပ်မိမှာ မဟုတ်ဘူး"

"ကျွန်တော်လည်း အတူတူပါပဲ....ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းတော့ တောပုန်းဓားပြလုပ်လို့မရဘူးလေ"

"တော်လောက်ပြီ။ ဆုံးဖြတ်ချက်ချရမှာက ငါတို့အလုပ်မဟုတ်ဘူး"

နောက်ဆုံးတွင် တတိယခေါင်းဆောင်က ဆွေးနွေးချက်ကို အဆုံးသတ်ရန် ပါးစပ်ဟလာသည်။

လူစုလူဝေးကြီး ပျံ့ကျဲသွားချိန်တွင် တတိယခေါင်းဆောင်က အခြားတစ်ဘက်သို့ လျှောက်သွားသည်။

လူအုပ်ထဲမှ လူသုံးယောက်သည်လည်း ဘယ်သူမှသတိမထားမိချိန်တွင် အခြားတစ်ဘက်သို့ သွားလိုက်ကြသည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now