Chapter 26

3.8K 751 39
                                    

Unicode

Chapter 26 : ရှင်းလင်းသန့်စင်မှု လုပ်ရမယ့်အချိန်ပဲ

'လုံရှောင်ယွမ်က အဲ့ဒါကို မသိခဲ့ဘူး......'

ရှီချင်ကျိုး စိတ်ရှုပ်သွားပြီး မငိုနိုင်...မရယ်နိုင် ဖြစ်သွားရသည်။

'သူနဲ့ သူ့အဖေနှစ်ယောက်လုံး စိုးရိမ်လွန်သွားတာပေါ့လေ။လုံရှောင်ယွမ်က ဘာမှ မသိခဲ့ဘူးလား'

'သူ့အဖေက လင်းမိသားစုရဲ့ စစ်ရေးခေါင်းဆောင်မှု ဖယ်ရှားခံရတော့မယ်လို့ ထင်သွားတာ။လုံရှောင်ယွမ်က လူငယ်ခေါင်းဆောင်တစ်ယောက် ခန့်အပ်ချင်တယ်ဆိုတဲ့ အချိန်တုန်းက သူလည်း အဲ့ဒီလို တွေးမိတာပဲလေ'

(T/N-ရှီမိသားစုမဟုတ်ဘဲ လင်းမိသားစုလို့ သုံးထားတာက Eng tranအတိုင်းပါ)

'ဖြစ်နိုင်တာက သူတို့ အတွေးလွန်သွားတာများလား'

"အရှင်မင်းကြီး ကျွန်တော် မေးလို့ရမလား....အရှင်က ရုံတောင်ရဲ့ တောပုန်းဓားပြတွေကို ဖိနှိပ်ဖို့ ငယ်ရွယ်တဲ့ စစ်သူကြီးတစ်ယောက်ကို ဘာကြောင့်များ ခန့်အပ်ချင်ရတာပါလဲ"

"ဘာကြောင့်?"
လုံရှောင်ယွမ် စဥ်းစားမရဖြစ်သွားပြီး ပြောလိုက်သည်။

"ကြက်တစ်ကောင်သတ်ဖို့အတွက်နဲ့ ဓားမကြီး မလိုဘူးလို့ ကိုယ်တော် မပြောခဲ့ဘူးလား။မင်းရဲ့အဖေက စစ်မြေပြင်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပဲ လုပ်ဆောင်သင့်တယ်။တောပုန်းဓားပြတွေကို ဖိနှိပ်ဖို့ အတွေ့အကြုံရှိတဲ့ စစ်သူကြီးကို သုံးမှဖြစ်မှာလား။ကိုယ်တော့်ရဲ့တိုင်းပြည်မှာ စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသား မရှိလို့လား"

ဤစကားတို့ကို ကြားပြီးနောက် ရှီချင်ကျိုး သူ့နှုတ်ခမ်းတို့အား တွန့်ကွေးလိုက်မိတော့သည်။
'လုံရှောင်ယွမ်က ဒီလိုပဲ တွေးလိုက်တာပေါ့လေ'

ရှီချင်ကျိုး ချက်ချင်းပင် ရယ်ချင်သွားသည်။အမှန်တကယ်တွင်လည်း သူ ပြုံးလိုက်လေသည်။

'အစကနေ အဆုံးထိ သူနဲ့သူ့အဖေ နှစ်ယောက်လုံးက အတွေးလွန်နေခဲ့တာ....အရှင်မင်းကြီးရဲ့ အတွေးက သိပ်ကို စစ်မှန်ပြီး ရိုးရိုးတန်းတန်းပဲ'

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now