Chapter 58

2.1K 385 24
                                    

Unicode

Chapter 58 : သူ့ကိုယ်သူ ရှင်းပြရန်သွားခြင်း(၁)

လုံမျှော်လင့်ထားသည့်အတိုင်းပင် မြောက်ပိုင်းသားလူရိုင်းများနှင့် အတိုက်အခိုက်ရပ်စဲရေး သဘောတူညီမှု ရေးဆွဲထားချက်ပါရှိပြီး လက်နက်ချအညံ့ခံကြောင်း စာကို လွှဲပြောင်းပေးလာသည်။

ညနက်ချိန်တွင် လုံက သူ၏အိပ်ဆောင်တွင် အစီရင်ခံစာကို ကြည့်ကာ ပြုံးရွှင်နေသည်။

အနှီရက်နှစ်ဆယ်အတွင်း ရှီက လုံထံသို့ စာမရေးခဲ့ပေ။

အလားတူစွာပင် ကံမကောင်းသော အရိပ်သက်တော်စောင့် ပြန်လာခဲ့ပြီးကတည်းက လုံက လုံးဝ စာထပ်မရေးခဲ့ပေ။

လက်ရှိအချိန်တွင် မြောက်ပိုင်းသားလူရိုင်းများက အညံ့ခံကြောင်း စာ တင်ပြသောအခါ ဧကရီဖြစ်သည့်ရှီက သံအမတ်ကို ပြန်ခေါ်လာခဲ့ရန်အတွက် အသင့်တော်ဆုံးလူ ဖြစ်သည်။

ရှီပြန်လာတော့မည်။

မှန်သည်၊ရှီက တပ်သား ၃၀၀၀နှင့် မြောက်ပိုင်းသားလူရိုင်းများ၏ သံအမတ်အဖွဲ့နှင့်အတူ အမှန်တကယ် ပြန်လာတော့မည်ဖြစ်သည်။

ရှီချင်ရှန်းက နယ်စပ်တွင် နေခဲ့မည်ဖြစ်သည်။ဆိုလိုသည်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲက တောင်ပိုင်းသို့ ရောက်သွားလျှင်(အတိအကျပြောရလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုံရှောင်ယွမ် အကြိုက်မတွေ့ပေ) စစ်ပွဲ ဆက်ဖြစ်လိမ့်မည်။

ဆိုးဆိုးဝါးဝါး အနိုင်ယူခံရပြီးနောက် မြောက်ပိုင်းသား လူရိုင်းများက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ချင်နေသောကြောင့် သူတို့ တန်ရာတန်ကြေး ကြီးကြီး ပေးရတော့မည်။

သို့သော် ဤသည်က လုံအပေါ်တွင်လည်း မူတည်နေသည်။

ညအချိန်တွင် ရှီချင်ရှန်းက ရှီချင်ကျိုးကို သူ၏တဲထဲတွင် တွေ့ဆုံနေသည်။

ရှီချင်ရှန်း သူ့သားကို တချက်ကြည့်ပြီးနောက် နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိတော့သည်။

သူ့သား တိတ်ဆိတ်နေသည်ကို သူသတိထားမိသည်။သူ့သား အလွန်စိတ်မကောင်းဖြစ်နေသည်ကိုလည်း သူသိသည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now