Chapter 30

3.8K 686 50
                                    

Unicode

Chapter 30 : လျန်စစ်သူကြီး ဒါက ရိုင်းပျမှုကြီးပဲ

လုံရှောင်ယွမ်နှင့် ရှီချင်ကျိုးတို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် အစီအစဥ်မတွက်ချက်မီ လျန်ချင်းယန်ကို သတင်းပေးလိုကြသည်။

သို့သော် လုံရှောင်ယွမ်က လျန်ချင်းယန်အားတွေ့ရန် ပေါ်မလာပေ။

ရှီချင်ကျိုးက လျန်ချင်းယန်ကို ကိုယ်တိုင်သွား တွေ့လိုက်သည်။သို့သော် အနှီလူက အစီအစဥ်ကို ကြားပြီးနောက် မျက်မှောင်ကြုပ်လိုက်လေသည်။

"မရဘူး။ အန္တရာယ်ရှိတယ်"

ရှီချင်ကျိုး : "အန္တရာယ်ရှိတယ်ဆိုပေမဲ့ ဒါက တော်ဝင်အမိန့်ပါ စစ်သူကြီးလျန်"

လျန်ချင်းယန်က အသက်ပြင်းပြင်းရှူလိုက်သည်။
"မင်း သူ့ကို လှည့်ပတ်ပြောကြည့်ပြီးပြီလား။ဒါက ကလေးဆန်တာပဲ"

ရှီချင်ကျိုးက သူ့ကို စိုက်ကြည့်လိုက်သည်။

"စစ်သူကြီးလျန် မင်းရဲ့လေသံကို ဂရုစိုက်ပါ။မင်း ဒီလိုရိုင်းပျတဲ့စကားလုံးတွေကို မပြောတာကောင်းမယ်"

လျန်ချင်းယန်၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းသွားလေသည်။

"ချင်ကျိုး.....ငါ...."

"ကြင်ယာတော်လို့ပဲခေါ်ပေးပါ"
ရှီချင်ကျိုးက လျန်ချင်းယန်ကို စကားဖြတ်ပြောလိုက်သည်။

လျန်ချင်းယန်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြန်သည်။

"မင်း.....ပြောင်းလဲသွားပြီပဲ"

ရှီလျင်ကျိုးက လျန်ချင်းယန်အား လျစ်လျူရှုဟန်ဖြင့် ကြည့်လိုက်သည်။

"စစ်သူကြီးလျန်၊ ဒါက ငါ ပြောသင့်တာပါ။ငါက ဧကရီတစ်ပါးဖြစ်နေပြီ။ဒါပေမဲ့ မင်းရဲ့ ရင်းနှီးတဲ့လေသံက ငါတို့ကို အထင်လွဲစေလိမ့်မယ်။မင်း ဒါကို သိရဲ့လား။ငါတို့ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့တယ်ဆိုရင်တောင် စည်းမျဥ်းက စည်းမျဥ်းပဲလေ။ငါတို့ လျစ်လျူရှုထားလို့မရဘူး။မင်းရဲ့ အပြုအမူတွေကို ဂရုစိုက်ပါ စစ်သူကြီးလျန်"

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now