Chapter 48

3K 545 12
                                    

Unicode

Chapter 48 : အလွန့်အလွန် ချောတယ်

ရုံမယ်မယ် မွေးပေးထားသော သူ(မ)က သူ၏ သမီးဖြစ်သည်။

"ခမည်းတော်...."

မိန်းကလေးငယ်လေးက မျက်တောင်ခတ်လိုက်ပြီး ကြောက်ရွံ့သွားသည်။ဖြစ်ပျက်သွားသည့်အရာကို သူ နားလည်သွားသောအခါ နောက်နှစ်လှမ်းဆုတ်လိုက်ပြီး မြေပြင်ပေါ် ချက်ချင်း ဒူးထောက်လိုက်သည်။

"ခမည်းတော်...အသက်ရှည်ကြာစွာ နေထိုင်ရပါစေ"

'ဒီလို မိန်းကလေးငယ်လေးက ဒူးထောက်နေတယ်....'

လုံရှောင်ယွမ်က လူမဆန်တဲ့သူ မဟုတ်သဖြင့် သူ့ကို ထူပေးလိုက်သည်။

"အဆင်ပြေပါတယ်၊ ထပါ၊ မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ။မင်းပြေးနေခဲ့တာ၊ ဒါက သိပ်အန္တရာယ်များတယ်ဆိုတာ သိရဲ့လား။မင်းပြေးတဲ့အခါ ဂရုစိုက်ပါ...'

'သူက သူ(မ)ရဲ့ကောင်းကျိုးအတွက် အဲဒီစကားတွေ ပြောလိုက်တာပါ။တကယ်လည်း ဒီမှာ ကျောက်တုံးတွေ၊တိုင်တွေအများကြီးလေ။ဆိုတော့ သူ ထိခိုက်သွားရင်  ကိစ္စကြီးဖြစ်သွားလိမ့်မယ်....

ဒါပေမဲ့ မိန်းကလေးငယ်လေးရဲ့ မျက်လုံးထဲမှာတော့ သူ့အဖေက သူ့ကို စိတ်ဆိုးနေပြီး ဒါက သူ့အဖေက သူ့ကို သဘောမကျဘူးဆိုတာ သက်သေပြနေတာပဲ...

သူ နစ်နာတယ်လို့ ခံစားလိုက်ရပြီး မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့ ကြောက်သွားပေမဲ့ သူ့အဖေက အထူးသဖြင့် မပျော်မရွှင်ဖြစ်နေတဲ့အချိန်ဆို ငိုတဲ့သူတွေကို မမြင်ချင်ဘူးဆိုတာ သူ သိတာကြောင့် မငိုရဲဘူး....'

ဤမြင်ကွင်းကို မြင်သောအခါ လူဆိုးကြီးတစ်ယောက်ကဲ့သို့ လုံရှောင်ယွမ် ခံစားလိုက်ရပြီး အေးစက်စက်ဖြစ်သွားသည်။

ကောင်းပြီ....သူက ကလေးတွေကို တကယ်ကြိုက်ပေမဲ့ ကလေးတွေအားလုံးကတော့ သူနဲ့"ကစား"လို့မရဘူး.....

အထူးသဖြင့် မိန်းကလေးငယ်လေးရဲ့အမေက အခြားတစ်ယောက်ဖြစ်နေတဲ့အခါမှာပေါ့......

သူက သူ(မ)နဲ့ ကောင်းကောင်း ပြုမူဆက်ဆံဖို့ မသိတော့သောကြောင့် ပြောလိုက်သည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora