Chapter 34

3.1K 588 12
                                    

Unicode

Chapter 34 : မမျှော်လင့်သော ကိုယ်ဝန်

ရက်ပေါင်းများစွာကုန်လွန်သွားပြီးနောက် နောက်ဆုံးတွင် လုံရှောင်ယွမ် ဤနေရာသို့ရောက်လာသည်မှာ သုံးလရှိသွားပြီဖြစ်သည်။

'သုံးလ ကုန်ဆုံးသွားပေမဲ့ သူ့မှာ သူ့ဧကရီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တာပဲလေ....သူ့ကိုယ်သူ အတော်လေးဂုဏ်ယူမိတယ်၊အဓိကဇာတ်လိုက်နဲ့ အစောတည်းက ဆက်ဆံရေးကောင်းသင့်တယ်လို့ သိတဲ့အတွက် ထက်မြက်တယ်လို့လည်း တွေးမိတယ်။ဟား...ဟား..ဟား..ကြည့်လေ...အခုဆို..သူက ပျော်စရာကောင်းတဲ့ဘဝကို ဦးတည်နေပြီ'

မနက်ခင်းညီလာခံပြီးသွားသောအခါ နေ့အချိန်တွင် သူ၏ရှေ့သို့ထွက်ပေါ်မလာသင့်သော အရိပ်သက်တော်စောင့်တစ်ယောက် သူ့ရှေ့သို့ရောက်လာသည်။

'အရှင်မင်းကြီး...ယွီရွှေနန်းဆောင်မှာ တစ်ခုခုဖြစ်သွားပါတယ်'

"အာ...ယွီရွှေနန်းဆောင်လား"
သူ မျက်တောင်ခတ်လိုက်သည်။
သူက တိုင်းရေးပြည်ရေးကိစ္စများနှင့် ရှီချင်ကျိုးအကြောင်းကိုသာ ဂရုစိုက်သူဖြစ်သောကြောင့် ယွီရွှေနန်းဆောင်တွင်နေထိုင်သောသူကို မမှတ်မိနိုင်ပေ။

'အဲဒီမိဖုရားငယ်တွေ တော်ဝင်မောင်းမဆောင်ထဲရောက်လာတဲ့အချိန်မှာတောင် သူ မသိလိုက်ပါဘူးနော်၊ဟုတ်ပြီလား'

'အဲဒါကြောင့်ပဲ အရိပ်သက်တော်စောင့်က ယွီရွှေနန်းဆောင်လို့ပြောတော့ အဲဒီနေရာမှာနေဘယ်သူနေတာလဲဆိုတာ သူမသိဘူး'

သူ တိုက်ရိုက်မေးလိုက်တော့သည်။

"အဲဒီမှာ ဘယ်သူနေတာလဲ"

အရိပ်သက်တော်စောင့်က ချက်ချင်းတိတ်ဆိတ်သွားပြီး ပြောလာသည်။
"ချုံမယ်မယ်ပါ"

"အို့....ဘာဖြစ်တာလဲ"

အရိပ်သက်တော်စောင့်က ညင်သာစွာပြောသည်။

"ချုံမယ်မယ်က အပျိုတော်တစ်ယောက်ကို အပြစ်ပေးတာပါ။ဒါပေမဲ့ အပျိုတော်က သတိလစ်သွားပါတယ်......သူရဲ့အဝတ်တွေကို ချွတ်လိုက်တော့ သူ့မှာကိုယ်ဝန်ရှိနေတာကို ဖုံးကွယ်ဖို့ အဝတ်စနဲ့စည်းထားတာကို တွေ့ရပါတယ်။ချုံမယ်မယ်က သူ့ကိုသေသည်ထိရိုက်ချင်နေတာပါ။ဒါပေမဲ့သူက အရှင်မင်းကြီးက ကလေးရဲ့အဖေပါလို့အော်ပြီး အသက်ချမ်းသာပေးဖို့အတွက် ချုံမယ်မယ်ကို တောင်းပန်ခဲ့ပါတယ်။အဲဒီအပိုင်းမှာတာဝန်ကျတဲ့ အရိပ်သက်တော်စောင့်က ချုံမယ်မယ်က ကလေးကိုထိခိုက်စေမှာစိုးရိမ်တာကြောင့် ချုံမယ်မယ်ကိုတားခဲ့ပါတယ်။ဒါပေမဲ့ ချုံမယ်မယ်က မိန်းမစိုးတွေနဲ့အပျိုတော်တွေကို စုဝေးလိုက်ပြီး အဲဒီအပျိုတော်ကို သေစေချင်နေတုန်းပါပဲ"

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now