ထိုသူမှာရှည်လျားလှပတဲ့ခြေတံရှည်တွေနဲ့အတူအလွန်လှပချောမောတဲ့မျက်နှာလေးရှိသည်။

အကယ်၍ထိုသူရဲ့ပုံသဏ္ဍာန်အားရှောင်ကျန့်သာမြင်ရင်အသက်ရှုရပ်မတတ်လန့်ဖြန့်သွားပေလိမ့်မည်။

ဇိုင်း၏မူလချစ်စဖွယ်ကလေးငယ်ပုံစံလေးမှာလွန်စွာချောမော၊ယောက်ျားပီသသောအရွယ်ရောက်လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲနေခြင်းကြောင့်ဖြစ်သည်။

ဇိုင်းကချင်းထန်၏ထွက်ခွာသွားမှုကိုသိသော်လည်းဂရုမစိုက်ပေ။ဤသည်မှာအန္တရာယ်ရှိနိုင်သော်လည်းသူ့အတွက်ဒီလူတွေရဲ့အသက်ကလုံးဝအရေးမပါပေ။

အဲ.....ရန်ဖန်းကလွဲလို့ပေါ့.....

ဇိုင်းကသူ့ရင်ခွင်ထဲပွေ့ဖက်ခြင်းခံထားရသောရှောင်ကျန့်အားငုံ့ကြည့်သည်။ရှောင်ကျန့်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

နူးညံ့သည့်အနက်ရောင်ဆံနွယ်လေးတွေကအပြစ်အနာအဆာကင်းသောနဖူးပြင်လေးထက်သို့ချစ်စဖွယ်ကောင်းစွာကျဆင်းနေ၏။

ဇိုင်းကသူ့ရဲ့လက်ချောင်းရှည်တွေကရှောင်ကျန့်ရဲ့ဆံပင်လေးတွေကိုခပ်ဖွဖွသပ်တင်ပေးလိုက်သည်။ဇိုင်းရဲ့ကျန်လက်တစ်ဖက်မှာရှောင်ကျန့်ရဲ့ခါးသေးသေးလေးကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားပြီးတင်ပါးဖောင်းဖောင်းလေးကိုအကြိမ်ရေအနည်းငယ်လောက်မချင့်မရဲဖြင့်ပွတ်သပ်လိုက်သေးသည်။

ရှောင်ကျန့်ကလှုပ်စိလှုပ်စိလေးဖြင့်ပြန်လည်အိပ်ပျော်သွားသည်။

ဇိုင်း၏မျက်နှာထက်တွင်အရာအားလုံးကိုအရည်ပျော်ကျသွားစေနိုင်သည့်အပြုံးတစ်ခုပေါ်ပေါက်လာရင်းရှောင်ကျန့်ရဲ့လည်ပင်းလေးကိုနမ်းသည်။ရှောင်ကျန့်ကအနည်းငယ်တွန့်လိမ်သွားတာကြောင့်လည်ပင်းကရှောင်ကျန့်အထိမခံနိုင်သည့်နေရာဖြစ်မှန်းခန့်မှန်းမိလိုက်သည်။

ဇိုင်းကသူ့ရဲ့ချောမောသောမျက်နှာထက်တွင်လက်ထောက်ရင်းရှောင်ကျန့်ရဲ့အိပ်ပျော်နေသည့်ပုံရိပ်လေးကိုသာတစ်ချိန်လုံးစိုက်ကြည့်နေ၏။15စက္ကန့်တစ်ခါအိပ်ပျော်နေသောရှောင်ကျန့်ရဲ့နူးညံ့သောပါးလေးတွေ၊နဖူးပြင်၊နှာတံလုံးလုံးလေးနဲ့အထိမခံနိုင်သည့်လည်ပင်းသားလေးတွေကိုနမ်းတတ်သည်။

system 091 Where stories live. Discover now