extra 3

1.4K 86 0
                                    

boss extra 3

တနေ့
ရှောင်းကျန့် စောစောနိုးနေတုန်း ရိပေါ်ကိုနိုးတာ မရတဲ့အဆုံး သူခြံထဲကိုဆင်းပြီးသာ သစ်ပင်တွေကိုရေလောင်းနေလိုက်သည်။

သူ့ရိပေါ်က အရင်ကနှိုးရတာ လွယ်သလောက် ဒီနေ့မှ ဘယ်လိုနှိုးနှိုးမထပေ။
သူတီတီတာတာလေးတွေ ပြောပြီးနှိုးလည်းမရ ၊ စိတ်ဆိုးပြီးသာထွက်လာပြီး သစ်ပင်ရေလာလောင်းနေသည်။

ဗွမ်း...
"အား...ဘယ်သူလည်း ဘာလုပ်တာလည်း ဟာ...ဝမ်ရိပေါ် မင်း...ဘာလုပ်လိုက်တာလည်း...ဟာ...ကွာ..စိုကုန်ပြီ..."
"ဟဲ ဟဲ... စိုကုန်ပြီ ဟိဟိ"
"ရိပေါ် မင်းဘာအရူးထတာလည်း စိုကုန်ပြီ ဘယ်လိုတောင်လည်းကွာ"
"ရှောင်းကျန့်ကလည်းကွာ..စိတ်မဆိုးပါနဲ့ ဒီနေ့က မြန်မာ လိုနှစ်သစ်ကူးလေ သူတို့ရဲ့ နှစ်သစ်ကို သန့်ရှင်းစင်ကြယ်အောင် တစ်ယောက် ကိုတစ်ယောက် ရေလောင်းပြီး နှစ်ဟောင်းက အညစ်အကြေးတွေကိုဆေးကြောပေးကြတယ်လေ အဲ့တာကြောင့် မင်းကို အညစ်အကြေးတွေသန့်ရှင်းစင်ကြယ်အောင် ကိုကရေလောင်းပြီး ပါရမီဖြည့်ပေးလိုက်တာလေ။"
"အား!!!!! ဝမ်ရိပေါ် မင်းဘယ်လိုတောင်လား ငါ မှာ့ဘာအပြစ်လုပ်ထားလို့ သန့်ရှင်းစင်ကြယ်နေရမှာလည်း ပြီးတော့ ဒီနေ့ကသူတို့ နှစ်သစ်ကူးလေ ငါတို့နှစ်သစ်ကူးမှမဟုတ်တာ ငါ့ကိုရေလောင်းစရာလိုလို့လား!! ခုတော့ စောစောစီးစီး ရေတွေစိုကုန်ပြီ!!!"

"ဟို ဟို စိတ်မဆိုးပါ နဲ့ကွာ...ငါ.ငါတမင်လုပ်တာ.မဟုတ်ပါဘူး.ငါ.ပါပါးပြောတာကို သတိရပြီး မင်းကိုရေလောင်းမိတာပါ နော်..စိတ်မဆိုးပါနဲ့နော်... "
"ငါအခုလို စိုပြီးမှ မင်းရောလွတ်မယ်ထင်လား ဟင်း..ဟင်း.."

ရှောင်းကျန့်သူလည်းစိုကုန်မှတော့ လက်ထဲကကိုင်ထားတဲ့ ရေပိုက်ကို ရိပေါ်ကို ပတ်ဖျန်း ပေးလိုက်သည်။ သူလည်း နှစ်သစ်မှာ သန့်ရှင်းစင်ကြယ်ရမယ်လေ။
"အား...ရှောင်းကျန့်အေးတယ်...အား ညစ်ပတ်တယ်ရှောင်းကျန့်ရာ"
"မင်းတုန်းကလည်း ငါလည်းအေးတာပဲကွ....အား.ရိပေါ်..မှတ်ပြီလား"

ရေစက်ကြည်ကြည်လေးတွေရဲ့အောက်မှာ ကောင်လေးနှစ်ယောက်ရဲ့ချစ်ကြည်နူးပျော်ရွှင်နေတဲ့ပုံစံလေးက ကျန်တဲ့သူတွေအတွက်ပါ ရင်အေးရသလို။ သူတို့၂ယောက်ကို ကြည့်နေတဲ့သူတွေကိုပါ အပျော်တွေကူးစက်နိုင်အောင် ကောင်လေးတွေက ဆွဲဆောင်နေလေသည်။

Boss! (complete) Dove le storie prendono vita. Scoprilo ora