12

2.5K 200 6
                                    


ရန်ရန်ဟွေ့ အလုပ်မရှိ အလုပ်ရှာပြီး ရှောင်းကျန့်စားပွဲပေါ်က file တွေကို ရှောင်းကျန့်မသိအောင်ယူပြီး ရိပေါ်ဆီသွားပေးလေသည်။
ရိပေါ်ဆီရောက်တော့ စားပွဲရှေ့မှာ မေနဘဲ ဘေးနားလာရပ်ပြီးပြောနေလေသည်။
သိတာပေါ့ ရိပေါ်က သူ့ကိုအရေးမလုပ်ချင်လို့ file တွေကို ထားခဲ့ခိုင်းမှန်း။ မိန်းမမာယာသဲကိုးဖြာ တင်မဟုတ်.ရန်ရန်ဟွေ့က မန်ကျည်းကိုးပင်လောက်ထိကို တက်သည်။
ခြေထောက်လေးကို နဲနဲအနာခံပြီး လဲချင်လဲချင်
နဲ့ ရိပေါ်ရဲ့ရင်ခွင်တန်းကို တန်းခနဲဝင်လဲ ပစ်လေသည်။ ဟီး...ဟီးး (လူရုပ်မာရီသံကြီးဖြင့်...)

ထူးထူးဆန်းဆန်း file တွေကို ရန်ရန်ဟွေ့ကလာပို့သည်။ ပုံမှန်ဆို ဒီစာရင်းတွေကို ရှောင်းကျန့်လာပို့နေကျ အခုသူက ဘာလို့ ရန်ရန်ဟွေ့ကိုလာပို့ခိုင်းရတာလည်း? ကိုလည်းစကားမပြောချင်လို့ ထားခဲ့လို့သာပြောလိုက်သည်။ ဘာလည်းဟ မစီးတက်ရင်လည်း.ဒေါက်မြင့်မစီးနဲ့ပေါ့ ခုတော့.....

ရှောင်းကျန့် နဲနဲအိပ်ချင်လာလို့ coffee သွားဝယ်ပြီးပြန်လာတော့ အလုပ်လုပ်မလို့ဟာကို လ အတွက်စာရင်းfile ကမရှိတော့ပေ။ ရန်ရန်ဟွေ့ မေးဖို့ကလည်းသူကမရှိ။ သူများboss ဆီမှာ ယောင်ပြီးများပါသွားတာလားမသိ။အဲ့တာဆိုပြန်တောင်းရအုံးမယ် စာရင်းကမပြီးသေးဘူး။ သေချာလည်းမစစ်ရသေးဘူးလေ။

ရှောင်းကျန့် boss ရုံးခန်းထဲ ခါတိုင်းလိုပဲ ဝင်သွားပေမယ့် ဒီတစ်ခါ တံခါးမခေါက်လိုက်ချင်းက သူ့နှလုံးသားလေး အတော်နာကျင်သွားရလေသည်။

သူ့ချစ်ရသူboss က တခြားတစ်ယောက်နဲ့ဖတ်နေလေတယ်။အေးလေ သူက ဘာမို့လို့လည်း? သူသဝန်တိုလည်း.....သူမနာလိုလည်း.....သူနဲ့ဘာမှမဆိုင်တာ .၊ သူကချစ်ပဲချစ်နေတာလေ ၊ ဒါတောင် ကာယကံရှင်ကိုတိုင်ကတောင်မသိပဲ တိတ်တိတ်လေး. ။ သူနဲ့ဆက်ဆံရေးက အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးပဲလေ ၊ ဟိုတစ်ယောက်က မှ သူနဲ့ သဘောတူထားတဲ့သူလေ ။ အခုချိန်မှာ သူနဲ့သက်ဆိုင်နေတာလေ၊ ငါကအရံလူတောင်မဟုတ်ဘူး...ရှောင်းကျန်ဖြေငိမ့်ပေမယ့်ဖြေလို့မရတဲ့အဆုံး မြင်ကွင်းကို လျစ်လျူရှုရာခြေဦးတည့်ရာသို့...>>>>>

Boss! (complete) Where stories live. Discover now