8

2.6K 212 6
                                    


"boss...အာ ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် boss မရည်ရွယ်ပါဘူး ကျွန်တော်.."
"ရတယ် ရတယ် မင်း ဒီမှာလာအိပ်လိုက်တော့"
"ဟုတ်.. ဟုတ်..ဟုတ်ကဲ့ boss"

စောင်ကို ကုတင်ပေါ်တင်လိုက် ဆိုဖာပေါ်ရွှေ့လိုက်လုပ်နေကြတာ။
ရှောင်းကျန့် တစ်ယောက်အယောင်ယောင်အမှားမှားနဲ့ စောင်ကိုဆွဲအလု စောင်မှာကျနေတဲ့အပိုင်းနဲ့တက်နင်းမိပြီး ချော ထွက်ပြီး သူ့boss ဝမ်ရိပေါ်ရင်ခွင်ထဲသို့ အလည်တစ်ခေါက်ရောက်ရုံတင် အားမရလို့ ဒေသထွက် အမြဲပြစ်မှားနေရသော ပန်းရောင်နှုတ်ခမ်းလေးပေါ်သို့ အလည်တစ်ခေါက် ရောက်ခဲ့သည် ။(ငါလည်းသွားချင်လိုက်တာ.....^-^>>>>>)
ဧည့်သည်လာတာထိုင်တောင်မထိုင်ရသေးပြန်ခဲ့ရသလိုပဲ
နှုတ်ခမ်းသားနုနုလေးဆီသို့ အလည်ရောက်ခဲ့တာ သေချာတောင်အရသာမခံရသေး သူ့ရဲ့ boss ခေါင်းရှောင်လိုက်လို့ သုံးစက္ကန့်လောက်ပဲ အလည်ရောက်ပြီး ပြန်ခွာခဲ့ရပါတယ်လေ။
သူ့ရဲ့boss တော့ဘယ်လိုနေမလည်းမသိပေမယ့် ရှောင်းကျန့်ရဲ့ပထမဆုံး first kiss က သူ့ရဲ့ချစ်ရသူနဲ့ဆိုတော့ ရင်ဘက်ထဲ မြန်မာနိုင်ငံကရထားကြီးမောင်းနေသလို ဂျောက်ဂျက်..ဂျောက်ဂျက်..ဒုတ်..ဒုတ်နဲ့ ဂဏှာမငြိမ်ပေ...
ရှက်ရှက်နဲ့ တောင်းပန်ပြီး အိပ်ယာထဲသာဝင်ပြိး စောင်ကို ခေါင်းအထိသာခြုံထားလိုက်တော့သည်။

ရိပေါ် သူ့ကိုသူဘာဖြစ်သွားတာလည်း မသိတော့ပေ.၊ဖြစ်သွားတာကနဲနဲလေးမြန်ပေမယ့်သူလိုက်မှီပါသေးတယ်။လိုက်လို့မမှီတာက သူ့နှလုံးသား ၊သုံးစက္ကန့်စာလောက်လေးနမ်းမိတဲ့အနမ်းတစ်ခုကြောင့်ရင်ဘက်ထဲမှာ မြန်မာနိုင်ငံက ရထားကိုစီးနေရတဲ့ ခရီးသည်လို၊ ကို့နေရာကိုယ်ထိုင်နေပါရက်နဲ့ ရထားမငြိမ်မှုကြောင့် ထိုင်လိုက်ထလိုက်ဖြစ်နေပြီး ကနားမရတဲ့ နတ်ကတော်လို ၊ နှလုံးသားလေး ပုံမှန်ခုံဖို့ လမ်းပျောက်ပြီး ငြိမ်ငြိမ်မနေတော့ပေ။
သူဂေးသွားပြီလား ယောက်ျားတစ်ယောက်နဲ့ အနမ်းလို့တောင်ပုံဖော်လို့မရတဲ့အချိန်အတိုင်းတာလေးတစ်ခုမှာ သူ့နှလုံးသားလေးကရောပါများသွားပြီလား?၊
ဟုတ်မှာပါလေ.ဒီနေ့ကြမှ မျက်မှန်မတပ်ထားတဲ့ရှောင်းကျန့်ကလည်း မိုးသီးလေးတွေလိုလတ်ဆက်နေခဲ့သလို၊ပိုပြီးကြည့်ကောင်းနေခဲ့သလိုပါပဲ၊...
ဟင်း...ဒုက္ခပဲ ဒီနှလုံးသားကြီးနဲ့ သောက်ထားတဲ့coffee အရှိန်နဲ့ဒီညရော အိပ်ပျော်ပါ့မလားကွာ?:::::

Boss! (complete) Where stories live. Discover now