5

2.7K 222 8
                                    


"ဟေး ဟိုးမှာ ရိပေါ်မလား"
"အင်း ဟုတ်တယ် "
"သူများသားသမီးတွေများကံကောင်းလိုက်ကြတာနော် အဖိုးကလည်း smart ဖြစ် အမေကလည်း smart ဖြစ်နေတော့ သားဖြစ်သူကိုတိုင်ကလည်း cool ဖြစ်နေတာ "
"အေးလေ ဟုတ်ပါ့ ရိပေါ် က ဥာဏ်လည်းကောင်း ချမ်းလည်းချမ်းသာ cool ကလည်းဖြစ်နေတော့ သူ့ကိုလူစိတ်ဝင်စားတာ မဆန်းပါဘူး"
"အမယ် ည ည်းကရော စိတ်မဝင်စားဘူး လား"?
"အမလေး...ကောင်မတွေရယ် ငါဆိုသူ့ကိုဖွင့်ပြောပလိုက်ချင်တာ သူ ကတော်ရုံဆိုစိတ်မဝင်စားဘူး ငါတို့အတန်းထဲက မိန်းကလေး အတန်းမှာ no 1ရတဲ့သူတောင် သူကစောင်းငဲ့မကြည့်ဘူး ဟိုဟာမကသာ တာတမံကြိုးနေတာ"
"အာ နင်တို့ကလည်း.တိုးတိုးပြောပါဟ ကြားသွားရင်မကောင်းဘူး"
"အေးလေ"
"အေးပါဟ တော်ပြီ မပြောတော့ဘူး ဝယ်စရာ ရှိတာဝယ် သွားမယ် "
"အေးအေး"
"သွားမယ်"

မုန့်ဈေးတန်းမှာ ကောင်မလေးသုံးယောက် ပြောနေတာကို ရှောင်းကျန့်ကြားလိုက်ပါသည်။ ရိပေါ်ဆိုတာကျောင်းမှာ နာမယ်ကြီးဆိုတာ သူ ဒီကျောင်းစရောက်ကတည်းကသိသည်။ သူသာ သူ့ဘာသူ မအားနေ၍ ရိပေါ်ကိုမမြင်ဖူးချေ။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် မုန့်ဈေးတန်းမှာတွေ့ခွင့်ရမယ်လို့ ဘယ်သူထင်မှာလည်း။ ကောင်မလေး တွေပြောနေလို့ ယောင်လည်လည်လုပ်ပြီး လှည့်ကြည့်မိတော့ လက်ကိုဘောင်းဘီအိပ်ကပ်ထဲထည့်ကာ မျက်ခုံးနှစ်ခုကို ထိမတက် ကျုံ့ထားပြီး စူးရှနေတဲ့မျက်လုံးနှင့် ဆိုင်ရှင်ကိုကြည့်ကာ မတ်တပ်ရက်နေသောသူ။ ရှောင်းကျန့်အရှေ့နားလေး နဲနဲတိုးကာစပ်စုမိတော့ green tea ကို စောင့်နေတာပါတဲ့လေ။ လူလေးကဖြင့် သေးသေးငယ်ငယ်လေးရှိသေးတာ အကျင့်တွေက လူကြီး style နဲ့ ကလေးပေါက်စ။
မဆိုးပါဘူး သူများတွေပြောသလို ချောတယ် ဂျယ်လိမ်းပြီး အပေါ်ကိုသက်တင်ထားတဲ့ ဆံပင်ကေက မေးရိုးသွယ်သွယ်လေးဖြစ်နေတဲ့သူနဲ့မှ တကယ့်လူကြီးပေါက်စလေးအတိုင်းပဲ ။ အဲ့ကတည်းက ရှောင်းကျန့်တို့ ဝမ်ရိပေါ် ကိုစွဲလန်းသွားတယ်ထင်ပါ့ နောက်နေ့တွေဆို အားရင်အားသလို ကျောင်းမှာ ရှောင်းကျန့်ဆိုတဲ့လူသားလေး ရှိသေးတယ်ဆိုတာကို ရိပေါ်သိအောင်ကြိုးစားရလေတော့သည်။
-------------

Boss! (complete) Where stories live. Discover now