7

2.6K 207 7
                                    

ညနေရှောင်းကျန့် အလုပ်ဆင်းတော့ သူ့ရဲ့boss ရိပေါ် အလုပ်မသိမ်းသေး
company တစ်ခုလုံး လူတစ်ယောက် မှမရှိတော့ပေ သူ့boss မပြီးသေးလို့ ကူရန်မေးတော့လည်း မလိုတော့တာကြောင့်သူ အိမ်ကိုသာတန်းပြန်ခဲ့သည်
လမ်းမှာတော့ အချိန်အခါမဟုတ် ဒီနေ့ မိုးအုံ့နေလေသည်။

အိမ်ရောက်တော့ မိုးတောင်ဖွဲဖွဲလေးကြနေပြီလေ။
ရေချိုး.ညစာစားပြီး ရှောင်းကျန့် ကော်ဖီလေးတစ်ခွက်နဲ့ ဝရံတာ ဘက်ထွက်ပြီး မိုးဖွားလေးတွေကို လက်နဲ့ဆော့ရင်း.....

----------
"ရိပေါ်.... ရိပေါ်...ရိပေါ်.."
"ရိပေါ် ကြိုးစား...ရေး"
"အား....ဝမ်ရိပေါ်ကွ.."
"ဟေ့ ရိပေါ်က ချောလိုက်တာနော်"
"ဟုတ်ပါ့.. အရမ်းပဲ ချောတယ်...အာ..း...ငါကြိုက်လိုက်တာဟယ်."
".."
"အေရးထဲ ရွနေသေးတယ်"
"ဘာဖြစ်လည်း ငါကြိုက်လို့ကြိုက်တယ်ပြောတာကို နင်ရော မကြိုက်လို့လား?"
"ရွမနေနဲ့ ကြိုက်တယ် ဟီး.."
"ရိပေါ်. ရိပေါ် ရိပေါ်... "

basketball ကွင်းတစ်ခုလုံးရိပေါ် ကိုအားပေးတဲ့ကောင်မလေးတွေရဲ့အသံကြည်းပဲ
ကျောင်းသားပေါင်းစုံအားကစားပြိုင်ပွဲအတွက်ကြောင့် လေ့ကျင့်နေရတာ ပြိုင်ပွဲတောင်မရောက်သေး ကာယအချိန်နဲ့တိုက်နေလို့ ကောင်မလေးတွေကာယမလုပ်ပဲ လာအားပေးနေကြတာ တစ်ကွင်းလုံးဆူညံလို့
ရှောင်းကျန့် ဘေးနားက ကောင်မလေး ၂ယောက်တီးတိုးပြောတာကို အတိုင်းသားကြားနေရသည် ဘာရယ်မဟုတ်ပြုံးမိသည်
ရိပေါ်လို လူမျိုးကို ကောင်မလေးတွေတင်မဟုတ် သူ့လိုကောင်လေးတစ်ယောက်ကအစကြိုက်သည်ဆိုတာ သူများတွေသိရင် လှောင်စရာများဖြစ်သွားမလား?
ဒါတွေလည်း ရှောင်းကျန့်ဂရုစိုက်မနေတော့ ကြိုက်မိမှတော့ရှက်စရာမှမလိုတော့တာလေ သူကြိုက်တယ်ဆိုတာတစ်ခြားသူသိအောင်...ပြောပြချင်သည်။ သူကရောလက်ခံပါ့မလား?
အတွေးတွေ ကိုဘေးဖယ်ကာ အတန်း ထဲပဲပြန်ဝင်ပြီး သင်္ချာ သာ ထိုင်တွက်နေလိုက်တော့သည်။

ကျောင်းလော့ကာထဲက ရေဘူးအေးအေးလေးကတော့ ပင်ပန်းလာတဲ့သူအတွက်အမောပြေစေရန်.....

ရိပေါ် လေ့ကျင့်ချိန်ပြီးတော့ အားကစားဝတ်စုံနဲ့သာ အခန်းထဲဝင်လာလိုက်သည်။
စာချိန်သင်ချိန်ပြန်ရောက်နေလို့ စာသင်ဖို့စာအုပ်ကိုအထုတ် ပိုင်ရှင်မဲ့ရေဘူးအေးအေးလေးက သူ့ကိုဆီးကြိုလျက်.....ရေဘူးပေးတဲ့သူသာစိတ်ထဲမှကျေးဇူးတင်ပြီး မောမောနှင့်သာ မော့သောက်လိုက်တော့သည်

Boss! (complete) Where stories live. Discover now