11

2.5K 202 4
                                    


ဒေါက်.ဒေါက်..ဒေါက်..
"တံခါးဖွင့်ထားတယ်...."
ီကွီ........
"boss သက်သာလား အဆင်ပြေလား ဘယ်လိုဖြစ်တာလည်း"
"ဖြေးဖြေးမေးလို့ရမလား ရှောင်းကျန့်...."
"အာ.."
"ပါး ဆီကပြန်လာတာ..... ခေါင်းနဲနဲမူးနေလို့ "
"ခုရောအဆင်ပြေလားboss ကိုရောပူနေသေးလား"

ရှောင်းကျန့် နဖူးလေးအား စမ်းကြည့်တော့ ကိုတော့မပူပေ ။ အဖျားလည်းမရှိ။

ရိပေါ် ကြောင်တောင်တောင်လေး... သူရဲ့ အတွင်းရေးမှုးလေးက ခွင့်တောင်မတောင်းပဲ နဖူးပေါ်စမ်းကြည့်နေလေသည်။
တစ်ပေလောက်အကွာအဝေးမှာရှိနေတဲ့ ရှောင်းကျန်မျက်နာမှာ စိုးရိမ်မှုအထင်းသားဆိုတာ ရိပေါ်မြင်နေရတယ်။
အနီးကပ်မြင်တွေ့ရတဲ့ မျက်နှာလေးကို ရိပေါ်သေချာလေးကြည့်နေမိသည်။
လေးထောင့်မျက်မှန်လေးရဲ့အောက်က ကြည်လဲ့လဲ့မျက်လုံးလေးက တကယ်ဆွဲမတ်ဖွယ်ရာပါပဲ။ မထူမပါးနှုတ်ခမ်းလေးက ဆေးကူစရာမလိုပဲ ပန်းရောင်လေးသန်းနေလေရဲ့။
အခုမှသေချာကြည့်မိတာက နှုတ်ခမ်းအောက်မှာ မှဲ့လေးပါတာလား?.။
ရိပေါ် ဆွဲဆောင်လွန်းလှတဲ့ မှည့်လေးကို လက်နဲ့တို့ကြည့်လိုက်တော့.၊ မှဲ့ပိုင်ရှင်လေ မျက်လုံးဝိုင်းဝိုင်းလေး နဲ့ အံ့သြနေဟန်။
"ဟို..ဟို..sorry.. ငါ..အမှိုက်ထင်နေလို့ ထိ ကြည့်မိတာ"
"ရ.ရ.ရပါတယ် boss..boss ဘာလိုသေးလဲ ကျွန်တော်ယူပေးမယ်လေ.."
"ရတယ် ရတယ်. အဆင်ပြေတယ်.ဒါနဲ့ ဟို ဟာတွေက ဘာတွေလည်း"
"အော် ဟုတ်သားပဲ မေ့တော့မလို့.boss အတွက် ဝယ်တာတာ boss စားချင်မလားလို့်...
ဒါ..မုန့်လေး နဲနဲနဲ့ ဖတ်ထုတ်လေး ဝယ်လာတာ. bossစားမလား. ကျွန်တော်ပြင်ပေးမယ်"
"အင်း...စားမယ် ဗိုက်ဆာတယ်... "
"ဟုတ်...ပြင်ပေးမယ် နော် ခနboss"
.."အင်းအင်း"

ရှောင်းကျန့်ကိုသချာလေးကြည့်မိတာ အခုမှကို အနီးကပ်သေချာလေးကိုကြည့်မိတာ အတော်ကြည့်ကောင်းတယ် သူမသိခဲ့ဘူး သူ့အတွင်းရေးမှူးလေးကဒီလောက်ကြည့်ကောင်းလိမ့်မယ်လို့။
ဘုရား...ဘုရား...ဒီရင်ဘက်ကြီး ခုန်နေတာ ရပ်ပါအုံးဗျာ.....

ဟူး.....သူ့bossက ဘာလို့သူ့ကိုအဲ့လိုကြီးကြည့်နေတာလည်း။ သူbossကိုကြိတ်ကြိုက်နေတာကို သိသွားတာတော့မဟုတ်ပါဘူးနော်။
မဟုတ်လောက်ပါဘူး သူအနေအထိုင်ပိရိတာ ရိတ်မိသွားတာတော့မဖြစ်နိုင်။ ဘယ်သူမှတောင်မသိတာ ဟိုမေအေဘး တစ်ယောက်ကလွဲလို့ပေါ့။
ဟူး မသိတော့ဘူး ကြာ.....
မြန်မြန်ကျွေးပြီး.မြန်မြန်ပြန်တော့ မယ်.....

Boss! (complete) Where stories live. Discover now